Monday, November 2, 2009

သြ၀ါဒ

၁။ သီလရှိလျှင် ဘာမဆို ရသည်။ ပြည့်စုံသည်။
၂။ လောကမှာ ချမ်းသာတာဟာ သတိ၊ ၀ီရိယ၊ ပညာပဲ။ ကံကြောင့်ချည်း မဟုတ်ဘူး။
၃။ လောကမှာ နှလုံးသွင်းကောင်းရမယ်။ ဘာမဆို နှလုံးသွင်းကောင်းရင် မဖြစ်သေးတဲ့ အကုသိုလ် မဖြစ်ဘူး။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ တိုးပွားတယ်။
၎။ သူတော်ကောင်းဟာ အန္တရာယ်လဲ ကင်းတယ်။ အများကိုလဲ စိတ်ချမ်းသာစေတယ်။
၅။ ပရိတ်တို့၊ ဂါထာတို့ဆိုတာ ထုံမွှမ်းထားရတယ်။ အမြဲတမ်း ရွတ်ဖတ်နေရတယ်။ ဒါမှ အစွမ်းထက်တာ။ ထုံမွှမ်းမထားဘဲ အရေးရှိမှ ထရွတ်ရင် အစွမ်းမထွက်နိုင်ဘူး။
၆။ ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေ၊ သံဃာဖက်တော့ အခက်ဝေကွ။
၇။ စတုရာရက္ခတရား လေးပါးကို ပွားများနေရတာ နေလို့ကောင်း၊ စားလို့ကောင်း၊ အိပ်လို့ကောင်းတယ်ကွ။

( ရွှေမြယာ ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒမာလာ )

1 comment:

Ashin Acara. said...

သံဃာဖက်ရမှာ ကြောက်စရာကြီးပါလား။
ခြိမ်းခြောက်တာလား။
တကယ်လား။