Monday, November 9, 2009

သြ၀ါဒ

၁။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ အမြဲဝတ်တည်၍ လှူသော နိစ္စဒါန၊ ရံဖန်ရံခါလှူသော အနိစ္စဒါန ဟူ၍ ဒါနနှစ်မျိုးရှိ၏။
၂။ ထိုတွင် နိစ္စဒါန တခုခုရှိနေသော သူသည် သောတာပန်နှင့် အလားတူ၏။ နတ်ရွာသုဂတိဘ၀ မြဲ၏-ဟု ဆို၏။
၃။ ထို့ကြောင့် နိစ္စဒါန အမြဲရှိအောင် ကြိုးစားကြပါဟု တိုက်တွန်းအပ်ပေသည်။

( ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်
မြသိန်းတန် ပရိယတ္တိစာသင်တိုက်
သောဘနာဝါသကျောင်းဆရာတော်
ဘဒ္ဒန္တ သောဘန မဟာထေရ် )

No comments: