၁။ လူပုဂ္ဂိုလ်ဆိုလျှင် လူ၏ အကျင့်သိက္ခာကိုကျင့်မှ လူတော်လူကောင်း ဖြစ်မည်။
၂။ ရဟန်းဆိုလျှင် ရဟန်း၏ အကျင့်သိက္ခာကိုကျင့်မှ ရဟန်းကောင်း ရဟန်းမြတ် ဖြစ်မည်။
၃။ အကြီးအကဲ ပုဂ္ဂိုလ်ဖြစ်လျှင် အကြီးအကဲ၏ အကျင့်နှင့်ညီမှ အကြီးအကဲအရာမြောက်မည်။
၎။ မည်သည့်ပုဂ္ဂိုလ်မဆို သီလကို ခါးဝတ်ကဲ့သို့ မြဲအောင် စောင့်ထိန်းရမည်။
၅။ သီလပျက်သော ပုဂ္ဂိုလ်သည် အနာပေါက်၍ ကင်းပျောက်သွားသော်လည်း အမာရွတ်ကျန်သလို ကျန်မည်။
ဒါကြောင့် သီလကို အသက်ထက်ဆုံး စောင့်ထိန်းရမည်။
( ရန်ကုတ်တိုင်း၊ စမ်းချောင်း ဝေဠုဝန်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကေလာသာဘိဝံသထေရ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment