Wednesday, December 2, 2009

အစွမ်းထက်သော ဂါထာ

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ ပတိ တေဇသာ။

အာဒိစ္စော-ရောင်ခြည်တထောင် အလင်းဆောင်သော နေမင်းသည်။ ဒိဝါ-နေ့အခါ၌သာလျှင်၊ တပတိ-ထွန်းလင်းတောက်ပ၏။
စန္ဒိမာ-လမင်းကြီးသည်။ ရတ္တိံ-ညဥ့်အခါ၌သာလျှင်။ အာဘာတိ-ဆီးနှင်းမြုတိမ် သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်မှသာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ခတ္တိယော-ရေမြေ့သနင်း ပြည့်ရှင်မင်းသည်လည်း။ သန္နဒ္ဓေါ-မင်းမြောက်တန်ဆာကို ၀တ်ဆင်မှသာလျှင်။ တပတိ-မင်းတို့ကျက်သရေ ထွန်းလင်းတောက်ပနိုင်၏။
ဗြာဟ္မဏော-ကိလေသာကုန်ခန်းသည့် ရဟန္တာအရှင်မြတ်သည်ပင်လျှင်။ ဈာယီ-အာရမ္မဏူ လက္ခဏူဟု နှစ်ဆူဈာန်မြတ် သမာပတ်ကို ၀င်စား၍ နေမှသာလျှင်။ တပတိ-ရဟန်းတို့ကျက်သရေ ထွန်းလင်းတောက်ပ နိုင်ပေ၏။
အထ-ထိုမှတပါး။ ဗုဒ္ဓေါ-မြတ်စွာဘုရားရှင်သည်သာလျှင်။ သဗ္ဗံ အဟောရတ္တိံ-နေ့ရော ညဥ့်ပါ အခါခပ်သိမ်း။ တေဇသာ-ပညာ သီလ, ဂုဏ်ဓမ္မနှင့် ပုညတေဇော် ငါးမျိုးသော အာနုဘော်တို့ဖြင့်။ တပတိ-စိတ်ရွှေမြရောင် နေလရောင်ထက် အခေါင်တက်၍ ပြောင်လျက်ထိန်ဝေ ထွန်းလင်းတောက်ပနိုင်ပါပေ၏။

ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အရာခပ်သိမ်း လောကီလောကုတ္တရာ ကျက်သရေမင်္ဂလာ တိုးတက်စေနိုင်သည်။ ဥစ္စာစီးပွား ကြီးပွားတိုးတက်ပြီး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကာ အရာရာကို အောင်မြင်နိုင်သည်။

သီဟိုဠ်ကျွန်း (သီရိလင်္ကာ)ကျွန်း ဘာတိကမင်းလက်ထက် ပညာရှိအမတ်ကြီးတဦးသည် မင်းတရားကြီးက ပိဋကတ်သုံးပုံထဲက ရတနာသုံးပါးလုံးပါတဲ့ ဇယမင်္ဂလာ အောင်ခြင်းဂါထာတပုဒ်ကို ရွတ်ဆိုပါ ခိုင်းရာ ဤ ဒိဝါ တပတိ ဂါထာကို ရွတ်ဖတ်ပူဇော်ရာ မင်းတရားကြီးက ဆုတော်ငွေ-၁၀၀၀-ချီးမြှောက်ခဲ့သည်။ ထို့ကြောင့် ဤဂါထာကို တထောင်တန် ဒိဝါ တပတိ ဂါထာ-ဟုလည်း အမည်တွင်လျက် ရှိသည်။ ဤဂါထာကို နေ့စဉ်မှန်မှန် ရွတ်ပါက ရာထူးတိုးခြင်း အထက်လူကြီး၏ မျက်နှာသာပေး မြှောက်စားခြင်း ခံရမည်။

No comments: