သံသာရစက္က၀ိဒ္ဓံသံ ၊ သံသုဒ္ဓမဿ သြရသံ။
သံဆိန္နကံ ဘဝေ အာသံ၊ သံဃံ အပိ သုမာနသံ။
သံသာရစက္က၀ိဒ္ဓံသံ-သံသရာစက်ကို ချိုးဖျက်တော်မူပြီးထသော၊
သံသုဒ္ဓံ-အ၀ိဇ္ဇာအမှောင်ကင်းသဖြင့် ဖြူဝင်းစင်ကြယ်သောစိတ် ရှိထသော၊
အဿ-ထိုဘုရားရှင်၏၊ သြရသံ-သဒ္ဓမ္မသမ္ဘူတခေါ် ရင်သွေးတော်အစစ် ဖြစ်တော်မူထသော၊
ဘဝေ-သုံးဆဲ့တထပ် ဘ၀ရပ်၌၊ အာသံ-ခင်မင်တွယ်တာ တဏှာတရားကို၊
သံဆိန္နကံ-ကောင်းကောင်းကြီး တော်လှန်ဖြတ်တောက်တော်မူပြီးထသော၊
သုမာနသံ-ရွှင်ကြည်အေးမြ ကောင်းမွန်လှသော ရွှေနှလုံးတော် ရှိတော်မူထသော၊
သံဃံအပိ- အရိယာရှစ်ဖော် သံဃာတော်မြတ်ကိုလည်း၊ အဟံ-တပည့်တော် (တပည့်တော်မ) သည်၊
ဝန္ဒာမိ-ညွတ်နူးကြည်သာ ထိငါးဖြာဖြင့် ကြည်စွာရိုကျိုး ရှိခိုးပါ၏ဘုရား။
ဤဂါထာသည် မြတ်စွာဘုရား၏ တရားရင်နှစ်ဖြစ်သော တပည့်သား သာဝက အရိယာသံဃာများကို ရှိခိုးပူဇော်သော ဂါထာဖြစ်သည်။ ၀တ်ရွတ်စဉ် စားအုပ်များ၌ မိုးကြိုးကွင်း ဂါထာ-ဟု ဆိုကြသည်။
ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် သရဲ သဘက်များ အန္တရာယ်မှ ကင်းသည်။ အပြိုင်အဆိုင်များကို နိုင်သည်။ လာဘ်ရွှင်သည်။ အနည်းဆုံး တနေ့သုံးခေါက်ရွတ်လျှင် အလွန်ကောင်းသည်။ မိုးကြိုးကွင်းသည်ဟု ရှေးဆရာ အစဉ်အဆက်တို့ မှတ်တမ်းတင်ခဲ့ကြသည်။
ဤဂါထာသည် အရိယာရှစ်ဖော် အမြတ်ဆုံး သံဃာတော်၏ ဂုဏ်တော်ကို ထုတ်ဖော်ရွတ်ဆို ပူဇော်ခြင်းဖြစ်၍ အတိုင်းမသိ အမြတ်ဆုံးသော အကျိုးကို ရရှိနိုင်သည်။ သို့ဖြစ်၍ သံဃာ့ဂုဏ်တော်ကို အာရုံပြုကာ အမြဲရွတ်ဖတ် ပူဇော်သင့်ကြသည်။
Monday, December 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment