Wednesday, December 2, 2009

သြ၀ါဒ

ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို မမြင်ဘဲ၊ ဉာဏ်ဖြင့် မသိဘဲ အနှစ်တရာကြာအောင် အသက်ရှည် နေရခြင်းထက် ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဉာဏ်ဖြင့်မြင်ပြီး တရက်မျှ အသက်ရှည် နေရခြင်းသည် အလွန်မွန်မြတ်ပါပေ၏-ဟု ဘုရားရှင်ကိုယ်တော်မြတ်သည် ဓမ္မပဒ၌ ဟောတော်မူသည်။

ဒါန သီလ ကုသိုလ်တရားများသည် သာသနာတွင်း၊ သာသနာပ နှစ်ဌာနလုံး၌ ဖြစ်နိုင်သည်။ ၀ိပဿနာ ကုသိုလ်တရားမူ သာသနာတွင်းကာလ၌သာ ဖြစ်ခွင့်ရှိသော ကုသိုလ်ထူး ဖြစ်သည်။

ထို့ကြောင့် ဘုန်းကြီးကျောင်းတိုက်၌ စာသင်သားတို့ ခေတ္တနေရပ်ပြန်ချိန်တွင် တရားစခန်း ဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒါယကာ ဒါယိကာမတို့အား တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းကို ပေးရာရောက်၍ အလွန်ဝမ်းမြောက်မိပါသည်။

( ဘဒ္ဒန္တ ၀ဏ္ဏိတ မဟာထေရ်-ပုသိမ်မြို့ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်)

No comments: