ကိုယ်ကျင့်သီလနှင့် ပြည့်စုံသောသူသည် ငါးပါးသီလအကျိုး၊ ဥပုသ်သီလအကျိုးများအပြင် အောက်ပါအကျိုး ငါးပါးတို့ကိုလည်း ရရှိနိုင်သည်ဟု ပါဋလိရွာသူ ရွာသားများအား ဘုရားရှင် အထူးပြောကြားခဲ့ဖူးသည်။
(၁) စီပွားဥစ္စာ ရတနာတို့ကို အစုလိုက် အပြုံလိုက် ရနိုင်ခြင်း။
(၂) နာမည်ကောင်းသတင်း ကျော်ကြားခြင်း။
(၃) ပရိသတ်ဗိုလ်ပုံအလယ်၌ တင့်တယ်ရဲရင့်ခြင်း။
(၄) တွေဝေမေ့မောမှု မရှိ၊ သတိကောင်းစွာနှင့် သေလွန်ရခြင်း။
(၅) သေလွန်ပြီးနောက် ကောင်းမြတ်သော လူချမ်းသာ နတ်ချမ်းသာဘ၀တို့သို့ ရောက်ရခြင်း။
( ဓမ္မပဒ)
Friday, December 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment