Sunday, January 3, 2010

သြ၀ါဒ

အိုခြင်းတဖြာ၊
နာခြင်းတထွေ၊
သေခြင်းတခြား၊
ကွဲပြားတတန်၊
ကံလျှင်ဥစ္စာ၊
ဤငါးဖြာကို၊
မကွာနေ့ည၊
ဉာဏ်သက်ဝင်၍၊
ဆင်ခြင်ကြ။

လုပ်တိုင်းမဖြစ်၊ စိတ်မညစ်နဲ့၊
ပြောတိုင်းမရ၊ ဒေါမထနဲ့၊
ကြံတိုင်းမမြောက်၊ စိတ်မဖောက်နဲ့၊
ဆင်းရဲကြုံမူ၊ မညည်းညူနဲ့၊
သိဉာဏ်မလိုက်၊ သင်မမိုက်နဲ့၊
ဗုဒ္ဓတရား၊ မေ့မထားနဲ့။

(ဘဒ္ဒန္တ ၀ဇီရမဟာထေရ်)
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာ သာသနာမဉ္ဇူကျောင်းတိုက် ပဓာနနာယကဆရာတော်။

No comments: