Wednesday, January 27, 2010

သြ၀ါဒ

၁။ ပါဏာတိပါတ သူ့အသက်သတ်ခြင်း စသည်ဖြင့် မကောင်းမှုဒုစရိုက်တရား ၁၀-ပါးရှိသည်။
၂။ ထို ၁၀-ပါးကို
ကိုယ်တိုင်လည်း လွန်ကျူးလျှင်။
သူတပါးကိုလည်း လွန်ကျူးအောင် တိုက်တွန်းလျှင်
သူတပါးလွန်ကျူးချင်လာအောင်လည်း ချီးမွမ်းပြောဆိုလျှင်
သူတပါး လွန်ကျူးနေသည်ကိုလည်း မြင်၍ နှစ်သက်ဝမ်းမြောက်လျှင်
ဒုစရိုက်တရား ၁၀-ပါးသာမက ဒုစရိုက်တရား အပါး ၄၀-လုံးပင် လွန်ကျူးရာရောက်သည်နှင့် တူသည်။

၃။ ထိုဒုစရိုက်တရားများ ပြစ်မှားလွန်ကျူးမိလျှင်လည်း ယခုပစ္စုပ္ပန်ဘ၀မှာပင် မကောင်းကျိုးများ ခံစားရတတ်ပြီး တမလွန်ဘ၀၌လည်း အပါယ်လေးပါး ကျရောက်တတ်သည်။
၎။ ထို့ကြောင့် ထိုဒုစရိုက်တရားများ မပြစ်မှား မလွန်ကျူးမိအောင် အထူးရှောင်ရှားသင့်ကြပေသည်။
၅။ ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ မြှောက်ပွားမူ၊ မှတ်ယူ လေးဆယ်ကံ။

ဘဒ္ဒန္တ ဇ၀နာဘိဝံသ မဟာထေရ်
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ဂွေးချိုတိုက် မအူပင်အုတ်ကျောင်း ဆရာတော်

1 comment:

laminmaung said...

ဘုရားရှင်လက်ထက်အခါက အရှင်အာနန္ဒာ၏ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော အာနန္ဒဗောဓိပင်
အကြောင်းသိချင်လို့လိုက်ရှာရင်း ဒီကိုရောက်လာတာဗျ ဘာသာရေးဗဟုသုတတွေအများကြီးရှိတဲ့ဆိုက်ပဲကျေးဇူးတင်ပါတယ် ဘုရားရှင်လက်ထက်အခါက အရှင်အာနန္ဒာ၏ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော အာနန္ဒဗောဓိပင် အကြောင်းသိရင် laminmaung11@gmail.com ကိုတိုက်ရိုက်မေးပို့ပြီးရှင်းပြပေးစေလိုပါတယ်ကျေးဇူးပါ