Friday, January 8, 2010

သြ၀ါဒ

ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစ၍ ယနေ့တိုင် မိမိဖြတ်သန်းခဲ့ရသည့် ခရီးချိန်အတွင်း မိမိ ဘာတွေလုပ်ခဲ့သလဲ။
မိမိလုပ်ခဲ့သည့် အလုပ်တွေက ကုသိုလ်လား၊ အကုသိုလ်လား။
အကုသိုလ်အလုပ်တွေ လုပ်ခဲ့၍ အပြစ်ရှိမှန်းသိလျှင် နောင်မပြုလုပ်မိအောင် ရှောင်ကြဉ်ပါ။
ကုသိုလ်အလုပ်တွေ လုပ်ခဲ့၍ အကျိုးရှိမှန်းသိလျှင် ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားပြုလုပ်ပါ။
ကုသိုလ်နှင့် အကုသိုလ် ခွဲခြားသိမှ လူဟုခေါ်ပါသည်။
ဒါကြောင့် လူသားတိုင်း ပြုလုပ်ရမည့် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ တရားများကို အချိန်မနှောင်းမီ ဆရာကောင်းထံ နည်းခံ၍ မမေ့မလျော့ မြန်မြန်ကြိုးစား အားထုတ်ပါ။
ဒါမှ လူ့ဘ၀၊ လူဖြစ်ရကျိုး နပ်ပါမည်။


(ဘဒ္ဒန္တ ဇာဂရာဘိဝံသ မဟာထေရ်၊
ပဲခူးတိုင်း ပန်းတောင်းမြို့ သဒ္ဓမ္မ၀ံသ ပေါင်းတည်ကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်)။

No comments: