၁။ လူမိုက်ကိုရှောင်၊ ဘေးရန်ကင်းလိမ့်မည်။
၂။ လူလိမ္မာကိုပေါင်း၊ အကြံကောင်း ဉာဏ်ကောင်းရလိမ့်မည်။
၃။ ကောင်းမှုကိုနေ့တိုင်းပြု၊ သံသရာတလျှောက်လုံး ချမ်းသာသုခနှင့် ပြည့်ဝလိမ့်မည်။
၎။ မမြဲမှုကို အမြဲရှု၊ ငြိမ်းချမ်းမှု သန္တိသုခ ရလိမ့်မည်။
၅။ အကြောင်းလေးဝ၊ ပြည့်စုံက၊ အကျိုးမုချ ရမည်သာ။
၆။ အကျိုးလိုငြား၊ ကြောင်းတရား၊ ကြိုးစားအားသစ်ရာ။
၇။ ကြောင်းကျိုးသိမြင်၊ ထိုလူရှင်၊ မြဲပင် ဒိဋ္ဌိကွာ။
ဘဒ္ဒန္တ ပညာသာမိမထေရ်။
ညောင်တုန်းမြို့ ရွှေဟင်္သာတောရ သတ္တမမြောက် ပဓာနနာယက ဆဋ္ဌစံကျောင်းဆရာတော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment