၁။ စိတ်ကို အလိုမလိုက်ရဘူး။ ကြီးပွားချင်တဲ့လူဟာ စိတ်ခိုင်းတိုင်း လိုက်မလုပ်ရဘူး။
ကိုယ့်စိတ်ကို ကိုယ်ထိန်းသိမ်းနိုင်ရတယ်။
၂။ ဟယ်စိတ်၊ နင်ခေါ်ရာ ငါ မလိုက်နိုင်ဘူး။ နင် ခိုင်းတိုင်း ငါ မလုပ်နိုင်ဘူး။ နင် ထားရာ ငါ မနေနိုင်ဘူး-
အဲဒီလို သတ္တိမျိုး ရှိရတယ်။ ဒါမှ ကြီးပွားတယ်။ ချမ်းသာတယ်။
စိတ်ကိုနိုင် သေတိုင် မဆင်းရဲ တဲ့။
( ပြီး-ပြည့်-တိုစေ )
ကိစ္စတခုဟာ ပြီးသွားတာ ကောင်းတယ်။
ပြီးတာချင်းတူရင် ပြည့်စုံတာ ကောင်းတယ်။
ပြည့်စုံတာချင်းတူရင် အချိန်တိုတာ ကောင်းတယ်။
ဘဒ္ဒန္တဇောတိပါလ
ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment