Saturday, February 6, 2010

သြ၀ါဒ

၁။ စည်းစိမ်ရယ်၊ သဒ္ဓါရယ်၊ အသက်ရယ်ဟာ ဘယ်တော့ ပျက်မယ်လို့ မပြောနိုင်ဘူး။
ဒါကြောင့် အပျက်မဦးခင် လက်ဦးအောင် ကုသိုလ်ပြုရမယ်။

၂။ ဘုရားဟော သိက္ခာပုဒ်တွေမှာတောင် ပြင်ဆင်ပညတ်ချက်တွေ အများကြီးပဲ၊
ပုထုဇဉ်တွေ ဆိုတာတော့ တသက်လုံး ပြင်နေကြရမှာပဲ။

၃။ သာသနာတော် ၂၅၀၀-ကျော်အောင် တည်လာတာ ပရိယတ္တိကြောင့် ဖြစ်တယ်။
ပရိယတ္တိကြောင့်ပဲ နောင် ၂၅၀၀-ကျော်အောင်လဲ တည်ဦးမှာပဲ။
ဒါကြောင့် ဒကာ ဒကာမတွေက ပရိယတ္တိဝန်ဆောင် သံဃာတော်တွေကို ပစ်မထားကြနဲ့။

၎။ မေတ္တာဟာ သွားရင်းလာရင်းလဲ ပွားလို့ရတယ်။ အကျိုးလဲ များတယ်။
မေတ္တာတပဲ ဒါန တလှည်း-တဲ့

၅။ စိတ်ရှည်ရှည်နဲ့ သတိထား စကားပြောရင် ပြဿနာ နည်းတယ်။
ပြဿနာရဲ့ မွေးဖွားရာက ပါးစပ်ပဲ။

၆။ ဘုရားဟောကို ကျောခိုင်းပြီး အနှစ်သာရရှာလို့ကတော့ အမေကျော် ထွေးတော်လွမ်းနေတာပဲ။

ဘဒ္ဒန္တ သာသန၀ရ မထေရ်
ရန်ကုန်တိုင်း ဒဂုံမြို့နယ် မြို့မကျောင်းလမ်း အဘယာရာမတိုက် စိတ်ရတနာကျောင်း
ပဓာနနယာက ဆရာတော်

No comments: