Wednesday, February 17, 2010

လစဉ် ဟောစာတမ်း ( မတ်လ-၂၀၁၀ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။


(၂) တနင်္လာ
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာမည်။ အမွေတွေ ဘာတွေ ရစရာရှိရင်လဲ ဒီလထဲမှာပဲ ရတတ်သည်။ ငွေလဲ စုဆောင်းမိတတ်သည်။ အိမ်ထောင်ရှိသူများ သတိထားရမည်။ မျက်နှာပွင့်နေသည်။ မကြာခဏ ခရီးထွက်ရတတ်သည်။ ခြေထောက်မှာ ဗွေပါတာမျိုးပါ။

ကျန်းမာရေး= ဦးခေါင်းနှင့် ၀မ်းဗိုက် ဒုက္ခပေးတတ်သည်။
ယတြာ= ထန်းလျက် ၁၁-ခဲကို စက္ကူ ကန်တော့ထိုး၍ နဂါးရုံဘုရားမှာ ကပ်လှူပါ။

(၃) အင်္ဂါ
မိတ်ဆွေ ဒီလအတွင်းမှာ နဲနဲညံ့သည်။ သို့သော် ညံ့သည့်အထဲမှ ကြာသပတေးနံ မြေ, မြင်း, မိန်းမ စတာတွေ ၀င်ကိန်းရှိသည်။ မိမိအိမ်မှာသော်လည်းကောင်း၊ အလုပ်မှာသော်လည်းကောင်း၊ မပျော်ပိုက်ဘဲ ရှိနေတတ်သည်။ အောက်လက်ငယ်သားတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို ခံရလိမ့်မည်။ လုပ်ငန်းမှာ အခက်အခက်တော့ ရှိမည်။ သတိထားပါ။ မမျှော်လင့်ဘဲ အမှုအခင်း ဖြစ်တတ်သည်။

ကျန်းမာရေး= ခြေထောက်, ခါး- နာတတ် မျက်တတ်သည်။
ယတြာ= တနင်္လာနေ့ ညနေမှာ ချောင်းထဲ, မြစ်ထဲတွင် ငါး ၈-ကောင် လွှတ်ပါ။

(၄) ဗုဒ္ဓဟူး
မိတ်ဆွေ ဒီလအတွင်းမှာ ငွေရေးကြေးရေး အထူးဂရုစိုက်ပါ။ ငွေကြေး ဆုံးပါးတတ်သည်။ မိမိလက်ထဲတွင်လည်း ငွေ အသုံးပြတ်နေတတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတတ်သည်။ ဆွေမျိုးသားချင်း အသက်အရွယ် ကြီးသူတွေက ဒုက္ခပေးလိမ့်မည်။ ပညာရေး ကောင်းသည်။ ပညာထူး ရတတ်သည်။

ကျန်းမာရေး= သွားကိုက် သွားနာ ဖြစ်မည်။
ယတြာ= ဒယ်အိုးထဲတွင် ပေါက်ပေါက်ဖောက်၍ ဘုန်းကြီးကို လောင်းလှူပါ။

(၅) ကြာသပတေး
မိတ်ဆွေ ဒီလအတွင်းမှာ ငွေတွေ ၀င်စရာရှိတာ မ၀င်ဘဲ လာဘ်ပိတ်နေတတ်သည်။ လုပ်ငန်းတွေလဲ အလွဲလွဲအချော်ချော် ဖြစ်နေတတ်သည်။ လုပ်ငန်းသစ်တွေ ပြောင်းဖို့ စိတ်ကူးပေါ်နေတတ်သည်။ မပြောင်းပါနဲ့။ မကောင်းသေးပါ။ အထူးသတိထားပါ။ အိမ်ထောင်ဘက်က အထင်လွဲတတ်သည်။

ကျန်းမာရေး= မကြာခဏ ဦးခေါင်းကိုက်လိမ့်မည်။
ယတြာ= မိမိမွေးနေ့တွင် ကော်ဖီတခွက်နဲ့ ကိတ်မုန့် ၉-ချပ် နံနက် ၉း၀၀ နာရီတွင် မိမိအိမ်က ဘုရားကို လှူ၍ ဆုတောင်းပါ။

( ၆ ) သောကြာ
မိတ်ဆွေ ဒီလအတွင်းမှာ ငွေတွေ ၀င်မည်။ အင်္ဂါနံ စိန်, စက်တို့လည်း ၀င်ကိန်းရှိသည်။ အလုပ်ဌာနများတွင် ရာထူးတိုးတက်မည်။ မိတ်ကောင်း ဆွေကောင်းတွေလဲ ရတတ်သည်။ လွတ်လပ်သူများ သတိထားပါ။ မျက်နှာ သိပ်ပွင့်နေသည်။ ခရီးဝေး ခရီးနီး သွားရတတ်သည်။ အချစ်ရေး ကံကောင်းသည်။

ကျန်းမာရေး= ကောင်းသည်။
ယတြာ= ဒွန်းစဏ္ဍာ (သူတောင်းစား) အား ခရီးစရိတ် လှူပါ။

(၇) စနေ
မိတ်ဆွေ ဒီလအတွင်းမှာ ငွေကြေး အထူးဂရုစိုက်ပါ။ ပျောက်တတ် ရှတတ်သည်။ ကားက ဒုက္ခပေးမည်။ အလုပ်လုပ်ရတာတွေ အခက်အခဲ တွေ့နေမည်။ သူတပါး၏ ကဲ့ရဲ့ရှုတ်ချခြင်းတွေ ခံရတတ်သည်။

ကျန်းမာရေး= နဲနဲညံ့သည်။ ခွဲစိပ်ကုသရကိန်း ကြုံရတတ်သည်။
ယတြာ= ဥပုသ်သည်ကို ဖိနပ်တရံ လှူပါ။

(၁) တနင်္ဂနွေ
မိတ်ဆွေ ဒီလအတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းတွေ တိုးချဲ့ရလိမ့်မည်။ အလုပ်လုပ်နေသူတွေဆိုရင်လဲ နေရာကောင်းတွေ ရတတ်သည်။ ဂုဏ်သတင်းတွေ ကျော်ကြားလိမ့်မည်။ လုပ်ငန်းတွေ ကောင်းသလို အိုးအိမ် နေရာထိုင်ခင်းတွေလဲ ပြောင်းရကိန်းရှိသည်။ လူမျိုးခြား ဘာသာခြားတွေရဲ့ မ,စ ကိန်း ရှိသည်။

ကျန်းမာရေး= အပူလောင်တတ်သည်။ ခြေထောက်, ဒူး, ဖနောင့် နာတတ် မျက်တတ်သည်။
ယတြာ= ဥပုသ်နေ့တိုင်း သက်သတ်လွတ် စားပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: