၁။ တကယ်ထင်ရှားရှိသည့် သူတပါး၏ ဂုဏ်ကို ဂုဏ်မဲ့ဖြစ်အောင်၊
ကိုယ့်ထက်သာသည့် ပုဂ္ဂိုလ်ကို ကိုယ်နှင့် တန်းတူဖြစ်အောင် ကြံဆောင်ပြောဆိုသူကို မိမိက မနှစ်မြို့။
ထို့အတူ မိမိကလည်း ထိုသူကဲ့သို့ ကြံဆောင်ပြောဆိုလျှင် သူတပါးကလည်း မိမိကို နှစ်မြို့မည် မဟုတ်။
ထို့ကြောင့် ထိုစကားမျိုး မပြောဆိုမိအောင် ရှောင်ကြဉ်ပါ။
၂။ သူများကောင်းစားတာကို မမြင်လို၊ မကြားလို၊ ၀မ်းမသာလို၊
ကိုယ့်ရှိတာကိုလည်း ပိုလျှံပါလျက် မပေးလို၊ မကမ်းလို၊ မငှါးလိုဘဲ ၀န်တိုသူ၊ နှမြောသူကို မိမိက မနှစ်မြို့။
ထို့အတူ မိမိကလည်း ထိုသူကဲ့သို့ ပြုမူလျှင် သူတပါးကလည်း မိမိကို နှစ်မြို့မည် မဟုတ်။
ထို့ကြောင့် ထိုအပြုအမူမျိုး မပြုမူမိအောင် ရှောင်ကြဉ်ပါ။
ဘဒ္ဒန္တ သဇ္ဇနာဘိဝံသမဟာထေရ်
စစ်ကိုင်းတိုင်း စစ်ကိုင်းတောင်ရိုး သဇ္ဇနောဒယချောင် ပဓာနနာယကဆရာတော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment