အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား စကားများများပြောဆိုသော ပုဂ္ဂိုလ်၌ အပြစ် ၅-မျိုးရှိပုံကို အောက်ပါအတိုင်း ဟောတော်မူသည်။
ရဟန်းတို့ စကားများများပြောဆိုသော ပုဂ္ဂိုလ်၌ အပြစ်တို့ ၅-မျိုး ရှိ၏။ ယင်းတို့ကား-
၁။ မဟုတ်မှန်သည်ကို ပြောဆိုမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောဆိုမိတတ်၏။
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုမိတတ်၏။
၎။ ပြိန်ဖျင်း (အကျိုးမရှိ) သော စကားကို ပြောဆိုမိတတ်၏။
၅။ ထို့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေဆုံးသည့်အခါ ချမ်းသာကင်းသော၊ မကောင်းသော လားရာဖြစ်သော ငရဲသို့ ရောက်ရ၏။-ဟု ဟောတော်မူသည်။
ထို့နောက် မြတ်စွာဘုရားက ရဟန်းတို့-ပညာဖြင့် ချင့်ချိန်၍ စကားပြောဆိုသောပုဂ္ဂိုလ်၌ အကျိုး ၅-ပါးရှိ၏။
ယင်းတို့ကား-
၁။ မဟုတ်မမှန်သည်ကို မပြောမိတတ်။
၂။ ကုန်းတိုက်စကားကို မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကားကို မပြောမိတတ်။
၎။ ပြိန်ဖျင်း (အကျိုးမရှိ) သော စကားကို မပြောမိတတ်။
၅။ ထို့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေဆုံးသည့်အခါ ချမ်းသာသော၊ ကောင်းသောလားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရ၏-ဟု ဟောတော်မူသည်။
( အင်္ဂုတ္တရပါဠိ ပဉ္စမပဏ္ဏာသက ကိမိလဝဂ် ဗဟုသာဏိသုတ်)
( ဦးငွေအောင်မွန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment