Wednesday, February 10, 2010

သြ၀ါဒ

၁။ သူရောကိုယ်ပါ ပုဂ္ဂိုလ်အားလုံးတို့သည် ကိုယ်စိတ်နှစ်ပါး အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေလိုပါလျှင် ကိုယ်ဖြင့်ပြုလုပ်အပ်သော မကောင်းမှု (ကာယကံ)၊ နှုတ်ဖြင့်ပြောဆိုအပ်သော မကောင်းမှု (ဝစီကံ)၊ စိတ်ဖြင့်ကြံစည်အပ်သော မကောင်းမှု (မနောကံ) တို့ကို မလွန်ကျူးမိအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။

၂။ မကောင်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို ထိန်းသိမ်းခြင်းမရှိ၊ လွန်ကျူးမိပါက ဘယ်သောအခါမှ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးချမ်းသာခြင်းကို မရရှိနိုင်ပါ။

၃။ ကာယကံ မကောင်းမှု၊ ဝစီကံ မကောင်းမှု၊ မနောကံ မကောင်းမှု တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊ မေတ္တာ ဘာဝနာ၊ မရဏဿတိ ဘာဝနာ၊ အသုဘ ဘာဝနာ ဟူသော ကိုယ်စောင့်ကမ္မဋ္ဌာန်းတရား လေးပါးနှင့် မိမိကြိုက်နှစ်သက်ရာ သမထ ဝိပဿနာ တရား တခုခုကို တတ်နိုင်သလောက် နေ့စဉ်ပုံမှန် ပွားများအားထုတ်ပါ။

ဘဒ္ဒန္တ ကောသလ္လ မဟာထေရ်
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက် စာချနာယကဆရာတော်။

No comments: