Wednesday, March 10, 2010

ဥစ္စာဆုတ်ယုတ်ခြင်းနှင့် တည်တံ့ခြင်း

အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့ကို အောက်ပါအတိုင်း ဟောတော်မူသည်။
ရဟန်းတို့-
အမျိုးသား အမျိုးသမီးတို့အတွက် ပစ္စည်းဥစ္စာ ပေါများပြီးနောက် ကြာမြင့်စွာ မတည်တံ့ခြင်း၏အကြောင်း ၄-ပါးရှိသည်။
ယင်းတို့မှာ-
၁။ ပျောက်ဆုံးနေသော ပစ္စည်းကို မရှာဖွေခြင်း။
၂။ ဟောင်းသော ပစ္စည်းကို မပြုပြင်ခြင်း။
၃။ စားဖွယ်သောက်ဖွယ် စသည်၌ အတိုင်းအရှည်ပမာဏကို မချိန်ဆခြင်း။
၎။ အကျင့်သီလမရှိသော မိန်းမ (သို့) ယောက်ျားကို ဘဏ္ဍာစိုး အကြီးအကဲအဖြစ် ထားခြင်းတို့ ဖြစ်သည်။

အမျိုးသား အမျိုးသမီးတို့အတွက် ပစ္စည်းဥစ္စာ ပေါများပြီးနောက် ကြာမြင့်စွာတည်တံ့ခြင်း၏အကြောင်း ၄-ပါးရှိသည်။
ယင်းတို့မှာ-
၁။ ပျောက်ဆုံးနေသော ပစ္စည်းကို ရှာဖွေခြင်း။
၂။ ဟောင်းသော ပစ္စည်းကို ပြုပြင်ခြင်း။
၃။ စားဖွယ်သောက်ဖွယ် စသည်၌ အတိုင်းအရှည်ပမာဏကို ချင့်ချိန်တတ်ခြင်း။
၎။ အကျင့်သီလရှိသော မိန်းမ (သို့) ယောက်ျားကို ဘဏ္ဍာစိုး အကြီးအကဲ အဖြစ် ခန့်အပ်ထားခြင်းတို့ ဖြစ်သည်-ဟု ဟောတော်မူသည်။

(ဦးငွေအောင်မွန်)
ကျမ်းကိုး။ ။ အင်္ဂုတ္တရ စတုက္ကနိပါတ်၊ အာပတ္တိဘယ၀ဂ် ကုလသုတ်။

No comments: