Sunday, March 14, 2010

အစွမ်းထက်သည့် ကြက်သွန်ဖြူ

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကမ္ဘာတ၀ှမ်းရှိ လူအများက ကြက်သွန်ဖြူ၏ အသုံးဝင်ပုံကို သိရှိပြီး မိမိတို့၏ တိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြသည်။ အထောက်အထားများအရ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက အီဂျစ်နှင့် ဂရိလူမျိုးများသည် ကြက်သွန်ဖြူကို အသုံးပြုခဲ့ကြပြီး ၁၈၅၈-ခုတွင် louis Pasteur ဆိုသည့် သိပ္ပံပညာရှင်က ဘက်တီးရီးယားများသည် ကြက်သွန်ဖြူနှင့် ထိတွေ့ရာတွင် သေကြေပျက်စီး နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် အင်္ဂလိပ်ဆရာဝန်များက စစ်သားများ ဒဏ်ရာကုသ ရာတွင် အသုံးပြုခဲ့ကြသည်။ ယခုခေတ်အခါတွင်မူ တီဘီရောဂါ ကုသရာတွင် အသုံးပြုခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သိပ္ပံပညာရှင်များနှင့် ဆရာဝန်များက ကြက်သွန်ဖြူ၏ အကျိုးအာနိသင်ကို ရှာဖွေတွေ့ရှိလာသည်နှင့်အမျှ ယခင်တိုင်းရင်းဆေးအဖြစ်မှ ခေတ်မီဆေးဝါးအဖြစ် ပြောင်းလဲ ထုတ်လုပ်လာကြသည်ကို တွေ့ရသည်။

သိပ္ပံပညာရှင်များ၏ အဆိုအရ ကြက်သွန်ဖြူ ဆေးစွမ်းထက်ရခြင်းအကြောင်းရင်းမှာ ၄င်းတွင်ပါဝင်သော Allicin ဒြပ်ပေါင်းကြောင့် ဖြစ်သည်။ ထို့ပြင် အခြားအကျိုးပြု ဒြပ်ပေါင်းများဖြစ်သည့် Allin, Ajoene နှင့် ဆာလဖာတို့ ပါဝင်သည်။ ကြက်သွန်ဖြူ၏ အနံ့ဆိုးမှာ ၄င်းတွင်ပါဝင်သော ဆာလဖာဒြပ်ပေါင်းနှင့် ဟိုက်ဒရိုက်ဂျင်တို့ဓာတ်ပြုပြီး ဟိုက်ဒရိုဂျင် ဆာလဖိုဒ်ဓာတ်ငွေ့များ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

( ကြက်သွန်ဖြူနှင့် ခန္ဓကိုယ်တွင်းရှိ ရောဂါခုခံစွမ်းအား )
ကြက်သွန်ဖြူ Selenium သတ္တုဓာတ် ကြွယ်ဝသဖြင့် ဆဲလ်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ရောဂါများကို ခုခံကာကွယ်နိုင်သည့် သတ္တိရှိသည်။ ထို့ပြင် ၄င်းတွင်ပါဝင်သော ဆာလဖာဒြပ်ပေါင်းကလည်း ရောဂါ ခုခံအားကို တိုးပွားစေပါသည်။

( ကြက်သွန်ဖြူနှင့် ကိုလက်စထရော )
အမေရိကန် ပြည်ထောင်စုနှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှ ဆေးသုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကိုလက်စထရော များပြားမှုကို ကုသရာတွင် ကြက်သွန်ဖြူသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကုသပြီး ၄-ပတ်အကြာတွင် ကိုလက်စထရော 12% အထိ လျှော့ချနိုင်ကြောင်း သိရသည်။ ထို့အပြင် ကြက်သွန်ဖြူ အခြောက်မှုန့်သည်လည်း သွေးထဲရှိ အခြားဆိုကျိုးကို ဖြစ်စေတတ်သည့် အဆီများကို လျှော့ချနိုင်သည်။

ကြက်သွန်ဖြူကို အမှုန့်အသွင်ဖြင့်သော်၎င်း၊ အခြား အဆီပုံစံဖြင့်သော်၎င်း မှန်မှန် စားပေးပါက ၁-လမှ ၃-လအတွင်း ကိုလက်စထရောကို သိသာစွာကျဆင်းစေပါသည်။

( ကြက်သွန်ဖြူနှင့် ဆီးချို )
သွေးထဲတွင် သကြားဓာတ် ပမာဏ လိုအပ်သည်ထက် များပြားလာပါက ဆီးချိုရောဂါ ဖြစ်ပွားတတ်သည်။ ဂျာမနီနိုင်ငံမှ လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူသည် ဆီးချိုရောဂါ၏ အကြောင်းရင်းခံဖြစ်သော သွေးထဲရှိ အချိုဓာတ်ကို 11% အထိ လျှော့ချနိုင်ကြောင်း သိရသည်။

ကြက်သွန်ဖြူကို အစိမ်းစား၍သော်၎င်း၊ ချက်ပြုတ်၍သော်၎င်း အခြားအစားအသောက်များနှင့် တွဲဖက်၍သော်၎င်း ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ကြက်သွန်ဖြူအနံ့ မခံနိုင်သူများက ဆေးလုံးပုံစံနဲ့ အမှုန့်ပုံစံ ကြက်သွန်ဖြူကို စားသုံးနိုင်ပါသည်။

ကြက်သွန်ဖြူ၏ ဆေးဘက်ဆိုင်ရာ အကျိုးပြုမှုမှာ သင်စားသုံးသော ပုံစံပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်။ ကြက်သွန်ဖြူတွင် တွေ့ရသော အချို့အသုံးဝင်သည့် ဓာတ်များသည် ချက်ပြုတ်လိုက်လျှင် ပျက်စီးဆုံးရှုံးသွားတတ် သည်။ လိုအပ်သည်ထက် ပို၍ စားသုံးမိလျှင် ဗိုက်အောင့်ခြင်းနှင့် အစာအိမ် လမ်းကြောင်းကို ပျက်စီးစေနိုင် ပါသည်။

သိပ္ပံပညာရှင်များ၏ ထောက်ခံချက်အရ ထိရောက်သော အာနိသင်အများဆုံးရရန် ကြက်သွန်ဖြူကို တနေ့လျှင် ၁-တက်မှ ၂-တက်ထိ စားသင့်ကြောင်း၊ ဆေးလုံးနှင့် ဆေးပြားကို ၂-လုံးမှ ၃-လုံးအထိ အချိန်မရွေး စားသုံးနိုင်ကြောင်း သိရသည်။

( ရည်ညွှန်းကိုးကားချက် )
Koch HP, Lawson LD, des, Garlic: The Seience and Therapeutic Application of Allium Sativam L and Related Species, 2nd ed. Williams and Wilbins, 1996.
လူသားတိုင်းအတွက် ကျန်းမာရေးသည် အရေးကြီးဆုံး ဖြစ်ပါသည်။ ထိုကဲ့သို့ အကျိုးအာနိသင်များစွာ ပေးနိုင်သော ကြက်သွန်ဖြူဥပေါင်း များစွာ၏ အဆီအနှစ်မှ ထုတ်လုပ်ထားသော Ranbaxy မှ Garlic Pearis ကို တနေ့ ၂-လုံးနှုန်း မှန်မှန် သောက်သုံးခြင်းဖြင့် ရောဂါဘယများမှ ကင်းဝေးစေရန် အကြံပေး တိုက်တွန်းလိုက် ပါသည်။

ကြက်သွန်ဖြူ၏ အကျိုးအာနိသင်များကို (နောက်လတွင်) ဆက်လက်ဖော်ပြပါမည်။ သို့မဟုတ်ပါက Ranbaxy Laboratories Ltd. ဖုန်း ၂၄၀၄၀၀ Extn 1903/4 သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments: