Wednesday, March 17, 2010

သြ၀ါဒ

ပညာ ဥစ္စာ၊ ရှာသောခါ၌၊ အိုနာသေရေး၊ မတောတွေးဘဲ၊
ဘေးသို့ဖယ်ရှား၊ သတိထားကာ၊ ကြိုးစားမူသေ၊ သင်ပြုလေလော့။

ပညာရှာတဲ့အခါ ဥစ္စာပစ္စည်း ရှာတဲ့အခါတွေမှာ အိုရမှာ၊ နာဖျားရမှာ၊ သေရမှာတွေကို တွေးတောမနေဘဲ
အရွယ် အချိန်အခါ အရပ်ဒေသ စသည်တို့အားလျော်စွာ သတိထားပြီး ကြိုးစားရှာဖွေရပါမည်။


တရားအကျင့်၊ အားထုတ်လင့်က၊ သေမင်းဆိုတာ၊ ခုခေါ်လာသို့၊
စိတ်မှာမှတ်သား၊ သတိထားကာ၊ ကြိုးစာမူသေ၊ သင်ပြုလေလော့။

တရားအလုပ် အားထုတ်ကျင့်ကြံတဲ့အခါမှာတော့ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်၊ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေခြင်းတရား ဖြစ်နိုင်တယ်ဆိုတာ သတိထားပြီး ကြိုးစားအားထုတ်ရပါမည်။

ဘဒ္ဒန္တ ကုဏ္ဍလဇောတိ မဟာထေရ်
ပဲခူးတိုင်း ပြည်မြို့ ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်

No comments: