Saturday, May 1, 2010

သြ၀ါဒ

* ရှင်ရဟန်းသည် ငါ ရှင်ပဲ၊ ရဟန်းပဲဟု ကိုယ့်ကိုယ်ကို သမဏသညာ မပျောက်ဖို့လိုတယ်။
အဲဒီ သမဏသညာ မပျောက်ရင် ရှင်ရဟန်းများ မလုပ်သင့်၊ မလုပ်ထိုက်တဲ့အလုပ်ကို မလုပ်တော့ဘူး။
မလုပ်တော့ အကုသိုလ် မဖြစ်ဘူး။ အကုသိုလ်မဖြစ်ရင် အပါယ်မကျဘူး။

* လူဆိုရင်လည်း ငါ လူပဲလို့ ကိုယ့်ကိုယ်ကို လူ့အမှတ်သညာ မပျောက်ဖို့ လိုတယ်။
အဲဒီလို လူကောင်းစိတ်ဓာတ် လူ့အမှတ်သညာ မပျောက်ရင် လူများ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေ မလုပ်တော့ဘူး။
မလုပ်သင့် မလုပ်ထိုက်တာတွေ မလုပ်ရင် အကုသိုလ် မဖြစ်ဘူး။ အကုသိုလ်မဖြစ်ရင် အပါယ်မကျဘူး။ အပါယ်မကျရင်ဘဲ အပါယ်နဲ့ဝေးရင် နိဗ္ဗာန်နဲ့ နီးလာပြီလို့ မှတ်ပါ။

ဘဒ္ဒန္တကောသလ္လ မဟာထေရ်
ရန်ကုန်တိုင်း၊ အလုံမြို့နယ် အောင်မင်္ဂလာတိုက်သစ်
ပဓာနနာယက ဆရာတော်

No comments: