Saturday, May 1, 2010

လစဉ် ဟောစာတမ်း ( မေလ ၂၀၁၀)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။


(၂) တနင်္လာ
မိတ်ဆွေ=ဒီလအတွင်းမှာ-အိမ်ထောင်ရေး သတိထားပါ။
အိမ်ထောင်ရှိနေလျှင်လဲ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေလိမ့်မယ်။
အလုပ်တွေလဲ ကိုယ်ပေါ်မှာ ပိနေပြီး ပင်ပန်းနေလိမ့်မယ်။
ငွေ အချေးအငှါး သတိထားပါ။ ဆုံးပါးတတ်တယ်။
အလုပ်မှာ ပြဿနာ ပေါ်တတ်တယ်။

ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်လိမ့်မယ်။

ယတြာ=ဗုဒ္ဓဟူးနေ့ ညနေ ၃-နာရီတွင် အိုးအတွင်း ဆားထည့်၍ အဒေါ်ကြီးအား လက်ဆောင်ပေးပါ။
*****************************************************************************

(၃) အင်္ဂါ
မိတ်ဆွေ=ဒီလအတွင်းမှာ - အတိုက်အခံတွေ များနေမယ်။
အလုပ်လုပ်ရတာလဲ အခက်အခဲတွေနဲ့ တွေ့လိမ့်မယ်။
မကောင်းသတင်းတွေ အလွင့်ခံရတတ်တယ်။
ငွေကုန်ကြေးကျ များနေလိမ့်မယ်။
ငွေတွေဘာတွေ ပျောက်တတ်တယ်။
မော်တော်ကားကို သတိထားပါ။ တိုက်မိခိုက်မိတတ်တယ်။

ကျန်းမာရေး= သွေးကိုအကြောင်းပြုပြီး ရောဂါ ဖြစ်တတ်တယ်။

ယတြာ= ဘုန်းကြီးကို စတုမဓု လှူပါ။
********************************************************************************

(၄) ဗုဒ္ဓဟူး
မိတ်ဆွေ=ဒီလအတွင်းမှာ- အလုပ်တွေ တပိုင်းတစနဲ့ ဟိုဟာ လုပ်ရမလို၊ ဒီဟာ လုပ်ရမလိုနဲ့ အချိန်တွေ ကုန်သွားလိမ့်မယ်။
ဘာပဲလုပ်လုပ် ပင်ပန်းသလောက် အကျိုးမရှိ ဖြစ်နေလိမ့်မယ်။
လူလိမ်လူညာတွေနဲ့ တွေ့ရတတ်တယ်။ မယုံပါနဲ့။

ကျန်းမာရေး= မကြာခဏ ခေါင်းကိုက်လိမ့်မယ်။

ယတြာ= အသက်ကြီးတဲ့ လူမမာကို ဆေးဖိုး လှူပါ။
********************************************************************************

(၅) ကြာသပတေး
မိတ်ဆွေ=ဒီလအတွင်းမှာ-လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပြီး စန်းတွေ ပွင့်နေမယ်။
ချစ်သူ ခင်သူ တွေ့တတ်၊ ရည်စားတွေ ရတတ်တယ်။
ခရီးနီး-ခရီးဝေးတွေ ပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။
မိတ်ကောင်း ဆွေကောင်း တွေ့ရလိမ့်မယ်။
ရာထူးကြီးသွားတတ်တယ်။

ကျန်းမာရေး= ဒူးတို့ တံတောင်တို့ ထိခိုက်တတ်တယ်။

ယတြာ= အိပ်ရာ ရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် လှူပါ။ ********************************************************************************

( ၆ ) သောကြာ
မိတ်ဆွေ=ဒီလအတွင်းမှာ-မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်တယ်။
ငွေလဲ စုဆောင်းမိလိမ့်မယ်။
အလှူအတန်း ပေးရတတ်တယ်။
ခရီးယာယီတွေ များနေသလောက် အလုပ်နှင့် စိတ်ညစ်ရတတ်တယ်။

ကျန်းမာရေး= မျက်စိကို သတိထားပါ။

ယတြာ= ကြာဖူး ၂-ပွင့်ကို ဘုရားလှူပါ။
********************************************************************************

(၇) စနေ
မိတ်ဆွေ=ဒီလအတွင်းမှာ-အလုပ်ကိစ္စတွေ အဆင်ပြေလာမယ်။
ကူညီစောင့်ရှောက်မဲ့သူတွေ ပေါ်လာလိမ့်မယ်။
လူချစ်လူခင်များမယ်။
လူအများ ကြည်ညိုလေးစားမှုကို ခံရတတ်တယ်။

ကျန်းမာရေး= ကောင်းတယ်။

ယတြာ= ဘုရား ရင်ဘတ်တော်မှာ ရွှေချပါ။ *******************************************************************************

(၁) တနင်္ဂနွေ
မိတ်ဆွေ=ဒီလအတွင်းမှာ-လုပ်ငန်းတွေ အခက်အခဲ တွေ့လိမ့်မယ်။
အောက်လက်ငယ်သားတွေရဲ့ ဆန့်ကျင်တာ ခံရတတ်တယ်။
စိတ်ညစ်စရာတွေ ရောက်လာတတ်တယ်။
အလုပ် မပြောင်းပါနဲ့၊ သတိထားပါ။
အိမ်တွင်းရေး အဆင်မပြေပါ။

ကျန်းမာရေး= ခါးတို့ ခြေထောက်တို့ နာတတ်တယ်။ သတိထားပါ။

ယတြာ= သိမ်သွားလာမှာ ဖြစ်စေ၊ ကျောင်းသွားလမ်းမှာ ဖြစ်စေ မြေဖို့ပြီး လိုရာဆုတောင်းပါ။



ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: