Saturday, May 8, 2010

အသက်တိုကြောင်း နှင့် အသက်ရှည်ကြောင်း

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အသက်တိုကြောင်း ၅-ပါးနှင့် အသက်ရှည်ကြောင်း ၅-ပါးတို့ကို ဟောတော်မူသည်။

ရဟန်းတို့ အသက်တိုကြောင်း တရား ၅-ပါးတို့ ဟူသည်ကား-
(၁) မသင့်တော်သည်ကို ပြုလေ့ရှိ၏။
(၂) သင့်တော်သည် မသင့်တော်သည်ဟု အတိုင်းအရှည်ကို မသိတတ်။
(၃) မကြေညက်လွယ်သော အစာကို စားလေ့ရှိ၏။
(၄) သီလမရှိ။
(၅) ယုတ်မာသော အဆွေခင်ပွန်း ရှိ၏။

ရဟန်းတို့ အသက်ရှည်ကြောင်း တရား ၅-ပါးတို့ ဟူသည်ကား-
(၁) သင့်တော်သည်ကို ပြုလုပ်လေ့ ရှိ၏။
(၂) သင့်တော်သည် မသင့်တော်သည်ဟု အတိုင်းအရှည်ကို သိတတ်၏။
(၃) ကြေညက်လွယ်သော အစာကို စားလေ့ရှိ၏။
(၄) သီလရှိ၏။
(၅) အဆွေခင်ပွန်းကောင်း ရှိ၏။

အထက်ပါဆိုခဲ့သော အကြောင်းတို့သည် အသက်တိုကြောင်း ၅-ပါးနှင့် အသက်ရှည်ကြောင်း ၅-ပါးတို့တည်း-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ တတိယပဏ္ဏာသက၊ ဂိလာန၀ဂ်၊ ဒုတိယ အနာယုသာသုတ်။

ဦးငွေအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

No comments: