ဆေးဝါးမလို အညောင်းလည်းပြေ ကျန်းမာစေသော အလွယ်ဆုံးနည်းမှာ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ခြင်းပင် ဖြစ်သည်။
သင်သည် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ခြင်းကို လေ့ကျင့်ခန်းတရပ်အနေဖြင့် ဆောင်ရွက်ပါ။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် သီတင်းပတ် ခြောက်ပတ်အတွင်း ကျန်းမာရေး ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။
ပထမဆုံးအကြိမ် လမ်းလျှောက်လေ့ကျင့်ခန်း မစတင်မီ တမိနစ်အလိုတွင် နှလုံးခုန်နှုန်းကို တိုင်းတာသတ်မှတ်ထားပါ။ လမ်းလျှောက်ပြန်လာပြီး နောက်တမိနစ်အကြာတွင် ထပ်မံပြီး နှလုံးခုန်နှုန်းကို တိုင်းတာကြည့်ပါ။ လမ်းလျှောက်ပြန်လာစ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာပြီဆိုလျှင် ပိုမိုကျန်းမာလာကြောင်း တွေ့ရှိရမည်။ သွေးတိုးနှုန်း ကျဆင်းလာလေလေ အရိုး သန်မာလေလေ ဖြစ်သည်။ အိပ်ပျော်စားဝင်ပြီး ကျန်းမာလာလိမ့်မည်။
ပထမ သီတင်းပတ်-
လမ်းလျှောက်မည့် လမ်းကြောင်းကိုရွေးပါ။ အဖော်ကောင်းတယောက်ရလျှင် ပိုကောင်းပါသည်။ ခြေလှမ်း ၁၀၀၀-လမ်းလျှောက်ပါ။ ပုံမှန်လျှောက်ပါ။
ဒုတိယ သီတင်းပတ်-
ခြေလှမ်း ၁၀၀၀-လမ်းလျှောက်ပါ။ ပုံမှန်ထက် သုံးမိနစ်ခန့် နေ့စဉ် ခပ်မြန်မြန် လျှောက်ပေးပါ။
တတိယ သီတင်းပတ်-
ခြေလှမ်း ၂၀၀၀-လမ်းလျှောက်ပါ။ ပုံမှန်ထက် ငါးမိနစ်ခန့် နေ့စဉ် ခပ်မြန်မြန် လျှောက်ပေးပါ။
စတုတ္ထ သီတင်းပတ်-
တတိယသီတင်းပတ်အတိုင်း လမ်းလျှောက်ပါ။
ပဉ္စမ သီတင်းပတ်-
ခြေလှမ်း ၃၀၀၀-လမ်းလျှောက်ပါ။ ငါးမိနစ်ခန့် အပြင်းလမ်းလျှောက်ပေးပါ။
ဆဋ္ဌမ သီတင်းပတ်-
ခြေလှမ်း ၅၀၀၀-လမ်းလျှောက်ပေးပါ။ ငါးမိနစ်ခန့် အပြင်း နေ့စဉ်လမ်းလျှောက်ပေးပါ။
အထက်ပါအတိုင်း လမ်းလျှောက်လေ့ကျင့်ခန်းပြီးပါက အံ့သြလောက်အောင် ကျန်းမာရေး တိုးတက်မှု ရရှိနေကြောင်း သင်ကိုယ်တိုင် ဧကန်မုချတွေ့ရလိမ့်မည်ဖြစ်သည်။
သန်းဝင်းရှိန်
Ref: The Reader's Digest, Dec 2006.
( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)
Sunday, May 16, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment