Sunday, May 2, 2010

အဖု-အကျိတ် ပျောက်

လွန်ခဲ့သော ၅-နှစ်ပတ်ဝန်းကျင်ခန့်က ဗန်းမော်မြို့နယ်ဆိုင်ရာ ဘာသာရေး စာမေးပွဲများအတွက် ရန်ပုံငွေရရှိရန် ကျေးရွာအသီးသီးတို့၌ အလှူခံပုဂ္ဂိုလ် ၁၀-ယောက်ကျော်၊ ကား ၂-စီး အသံချဲ့စက်နှင့် အလှူခံထွက်ခဲ့ကြ၏။ ရွာခံတို့ကလည်း မအားလပ်သည့်ကြားက ခရီးဦးကြိုခြင်း၊ နေ့လယ်စာတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ အလှူခံကိစ္စ ဆောင်ရွက်ကူညီခြင်းတို့ကို စိတ်အားထက်သန်စွာ လူအား၊ ငွေအားတို့ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ၃-ရက်ကြာ၏။ ၂-ရက်မြောက်နေ့၌ တရွာနှင့်တရွာ အကူးတွင် စာရေးသူတို့ လိုက်ပါလာသော အလှူခံ ရှေ့ကားသည် နောက်ကားကို စောင့်ဆိုင်းရင်း ကြာမည်ထင်ကာ ကားပေါ်မှ ဆင်းကြသည်။ ဇရပ်တခု၏ရှေ့၌ထိုင်ကာ စကားဝိုင်းလေး စမိခဲ့ကြသည်။

ထိုသို့ ပြောဆိုခဲ့သည့် မိနစ် ၃၀-ခန့်မျှသာ ကြာသော အကြောင်းအရာစုံသော စကားဝိုင်းလေးမှ စာရေးသူအတွက် မှတ်သားစရာတခု ယနေ့တိုင် စွဲမြဲကျန်ရစ်ခဲ့ပါသည်။
ထိုအရာကား အခြားမဟုတ်။ ၀န်ထမ်းတဦး၏ ကိုယ်တွေ့ပြောပြချက်အရပင် ဖြစ်သည်။
မိမိမှာ ဆေးထိုးမှားခဲ့၍ တင်ပါး၌ နှစ်ရှည်လများ ကြာမြင့်စွာ အဖုအကျိတ် ဝေဒနာအဖြစ် ခံစားခဲ့ရသည်။ ယင်းနေရာကို နှိပ်လိုက်လျှင် အောင့်တောင့်တောင့်နှင့် နာကျင်နေကြောင်း ဆိုပါ၏။

တနေ့၌ မိမိသည် မမျှော်လင့်ဘဲ မိတ်ဆွေတဦးထံမှ ဆေးနည်းကို ရရှိကာ ညွှန်းသည့်အတိုင်း လက်တွေ့ကျကျ ပြုလုပ်ခဲ့ပါသည်။ မယုံကြည်နိုင်လောက်အောင် ခံစားနေရသော ဝေဒနာမှ သိသိသာသာ ပျောက်ကင်းသက်သာခဲ့ပါသည်။ ဒါဟာ-ကျွန်တော်ကိုယ်တိုင် လက်တွေ့ဖြစ်တယ်ဗျ-ဟု ထိုသူက စကားဝိုင်းကလေး၌ ဂုဏ်ယူစွာ ပြောပြခဲ့ပါသည်။

၎င်းဆေးနည်းမှာ-ကြက်ဥတလုံး၏ ထိပ်နေရာတွင် အပ်ဖြင့်ဖောက်ပါ။ အဖု (အကျိတ်) နေရာတ၀ိုက်ပေါ်၌ ယင်းကြက်ဥအပေါက်ဖြင့် ထောင်ပြီး ပွတ်၍ တိုက်ပေးပါ။ ၅-ရက်ခန့်အကြာတွင် ပျောက်ကင်းပါလိမ့်မည်။
ဆက်လက်၍ ပြောခဲ့သည်မှာ-အဲဒီကြက်ဥကို မစားပါနဲ့။ ကြက်ဥကို ခွဲကြည့်လိုက်လို့ရှိရင် အပုပ်နံ့တွေ နံပါတယ်-ဟု ဆိုခဲ့ပါသည်။

မကြာသေးမီက ကျွန်တော်ရဲ့ သူငယ်ချင်း မိတ်ဆွေတဦးကို ဒီနည်းအတိုင်း ညွှန်းပေးလိုက်ပါတယ်။ ပျောက်ကင်းသက်သာကြောင်း မိတ်ဆွေထံမှ ကြားခဲ့ရလို့ ကျွန်တော် ၀မ်းသာခဲ့ရပါသေးတယ်-ဟူ၍လည်း ဆိုခဲ့ပြန်သည်။

ထိုနည်းအတူ ခံစားနေရသော ဝေဒနာရှင်များအတွက် ဆေးကောင်းတလက်အဖြစ် ဤဆေးနည်းလေးကို လက်ဆောင်မွန်အဖြစ် တဆင့်စကား တဆင့်နားသို့ ရောက်အောင် စေတနာဖြင့် ပါးလိုက်ပါရစေ။

ဦးကော-(ဗန်းမော်)

No comments: