Wednesday, May 19, 2010

ကိလေသာ နှင်နည်း

၁။ ငါ၏ကိုယ်တွင်၊ လောဘ၀င်သော်၊ ၀င်စဉ်လောဘ၊ အနိုင်ရအောင်၊
လောဘကင်းစင်၊ ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး၊ လက်စုံမိုး၍၊
ရှိခိုးပါ၏ အရှင်ဘုရား။

၂။ ငါ၏ကိုယ်တွင်၊ ဒေါသ၀င်သော်၊ ၀င်စဉ်ဒေါသ၊ အနိုင်ရအောင်၊
ဒေါသကင်းစင်၊ ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး၊ လက်စုံမိုး၍၊
ရှိခိုးပါ၏ အရှင်ဘုရား။

၃။ ငါ၏ကိုယ်တွင်၊ မောဟ၀င်သော်၊ ၀င်စဉ်မောဟ၊ အနိုင်ရအောင်၊
မောဟကင်းစင်၊ ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး၊ လက်စုံမိုး၍၊
ရှိခိုးပါ၏ အရှင်ဘုရား။

ဗောဓိတထောင် ဆရာတော်

No comments: