ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေလ ၂၀၁၀ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ ငွေကုန်ကြေးကျများမယ်။ အလုပ်တွေလဲ ပင်ပန်းတာမျိုး ဖြစ်နေမယ်။ အလုပ်ထဲမှာ အခက်အခဲတွေ့မယ်။ ငွေပျောက်တတ်တယ်။ သတိထားပါ။
ကျန်းမာရေး=သွေးကိုအကြောင်းပြုတဲ့ ရောဂါတွေ ရတတ်တယ်။
ယတြာ=စနေနေ့ နံနက်စောစော စနေဒေါင့်မှာ ဘုရားကို ထီးနီ သက်စေ့ လှူပါ။
******************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းအသစ်တွေ ပြောင်းဖို့ ပေါ်လာမယ်။ အလုပ်တွေလဲ တပိုင်းတစ ဖြစ်နေတတ်တယ်။ အလုပ်ပြောင်းက မကောင်းသေးပါ။
ကျန်းမာရေး=ဦးခေါင်း ကိုက်လိမ့်မယ်။
ယတြာ=အသက်ကြီးတဲ့ လူမမာကို ဆေးဖိုးလှူပါ။
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ ငွေဝင်တတ်တယ်။ ဆုံးပြီးသား ငွေများလဲ ပြန်လည်ရရှိတတ်တယ်။ အလုပ်အဆင်ပြေတုန်း ကြိုးစားလုပ်ပါ။ အချိန်မဖြုန်းပါနဲ့။ အိမ်ထောင်ရေး ပြဿနာ ကြုံတတ်တယ်။ သတိထားပါ။
ကျန်းမာရေး=သင့်
ယတြာ=ရွှေထီး ၂-လက် ဘုရားမှာ ကြက်ခြေခတ် လှူပါ။
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ ခရီးထွက်ရတတ်တယ်။ လုပန်ငန်းတွေ အဆင်ပြေသလို ရာထူးလဲ တိုးတတ်တယ်။ လာဘ်လာဘ ရွှင်တယ်။
ကျန်းမာရေး=မျက်စိ အားနဲမယ်၊ ၀မ်း နှင့် ဦးခေါင်း ဒုက္ခပေးမယ်။
ယတြာ=ကြာဖူး ၂-ပွင့် ဘုရားလှူ၍ ဆုတောင်းပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အိမ်မှာနေရတာ မပျော်ပိုက်ဘဲ ဖြစ်နေမယ်။ အိမ်တွင်းရေးလဲ မသာယာပါ။ အလုပ်မှာ စိတ်မ၀င်စားဘဲ ဖြစ်နေမယ်။ အောက်လက်ငယ်သား သတိထားပါ။
ကျန်းမာရေး=သွား ဥပါဒ်ပေးမယ်။
ယတြာ=လပြည့် လကွယ် သက်သတ်လွတ် စားပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီး ဆရာသမားတွေ ကြည့်ရှုစောင့်ရှောက်လိမ့်မယ်။ လွတ်လပ်သူဆိုရင် ချစ်သူ ရည်းစား တွေ့ရလိမ့်မယ်။ အလုပ်တွေ အောင်မြင်မယ်။ ရာထူးတိုးမယ်။
ကျန်းမာရေး=သင့်
ယတြာ=အင်္ဂါနေ့တိုင်း ဆီထမင်း ငါးပွဲ ဘုရားလှူပါ။ အိပ်ရာ ရွှေ့အိပ်ပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲတွေ့လိမ့်မယ်။ လက်ရှိအလုပ်ကနေ တခြားအလုပ် မပြောင်းပါနဲ့။ မမျှော်လင့်ဘဲ ပြဿနာတွေ ပေါ်လာတတ်တယ်။ စီးပွားရေး မကောင်းပါ။ စိတ်အေးအေး ထားပါ။
ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်လိမ့်မယ်။
ယတြာ=အင်္ဂါနေ့ ညနေ ၃-နာရီတွင် သစ္စာပန်း ၃-ပွင့် ဘုရားလှူ၍ ဆုတောင်းပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
No comments:
Post a Comment