Monday, June 21, 2010

အဘိဏှသုတ်

ငါသည် အိုခြင်းသဘောရှိသည်။ အိုခြင်းသဘောကို မလွန်မြောက်နိုင်။
ငါသည် နာခြင်းသဘောရှိသည်။ နာခြင်းသဘောကို မလွန်မြောက်နိုင်။
ငါသည် သေခြင်းသဘောရှိသည်။ သေခြင်းသဘောကို မလွန်မြောက်နိုင်။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါ့အား ခပ်သိမ်းသော ချစ်ခင်နှစ်သက်အပ်ကုန်သော နှလုံးကို ပွားစေတတ်ကုန်သော ဆွေမျိုးခင်ပွန်းတို့နှင့် အရပ်တပါးသို့ ပြောင်းရွှေ့သွားသဖြင့် ရှင်ကွဲကွဲရခြင်းသည်၎င်း။
ဘ၀တပါးသို့ ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်၎င်း၊ ဖြစ်တတ်ချေ၏။
ဤသို့လည်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် ကံသာလျှင် ဥစ္စာရှိသည်။
ကံသာလျှင် အမွေရှိသည်။
ကံသာလျှင် အကြောင်းရှိသည်။
ကံသာလျှင် အဆွေအမျိုးရှိသည်။
ကံသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည်။

ကောင်းသည်လည်းဖြစ်သော
မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုသည်ဖြစ်ငြားအံ့၊ ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေအတိုင်း ဖြစ်ရအံ့ဟု ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤ ၅-ပါးသောအကြောင်းတရားတို့ကို
မိန်းမသည်၎င်း၊
ယောက်ျားသည်၎င်း၊
လူသည်၎င်း၊
ရဟန်းသည်၎င်း ဤသို့ နေ့စဉ်မပြတ် ဆင်ခြင်အပ်၏-ဟု အဘိဏှသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။

No comments: