Friday, June 4, 2010

အလှူ ၆-ဖြာ၊ လှူရာ ၆-နည်း

၁။ အင်အားလိုခါ၊ စားအစာ၊ ကောင်းစွာ လှူရသည်။
၂။ အဆင်းလှလို၊ အ၀တ်ကို၊ ကြည်ညို လှူရသည်။
၃။ ချမ်းသာလိုငြား၊ ယာဉ်ရထား၊ လေးစား လှူရသည်။
၎။ ဆီမီးလှူလျှင်၊ မျက်စိအမြင်၊ အမှန်ပင် ရနိုင်သည်။
၅။ ကျောင်းနေရာမှတ်၊ လှူတုံလတ်၊ အရပ်ရပ် လှူသည်မည်။
၆။ တရားဒေသနာ၊ ဟောပြောခါ၊ မသေရာ လှူသည်မည်။

(ကိံဒဒသုတ်၊ သံယုတ်)
အရှင်ကောဝိဒဓဇ
သဒ္ဓမ္မကာရီ ပါဌဋီကာ ဂါထာညွှန့်ပေါင်း ဒုတိယတွဲ-မှ

No comments: