Friday, June 4, 2010

ဣစ္ဆန္တော န၀င်းဂါထာတော်

တ၀ဂူ ဆုတောင်းပြည့် ပတ္တမြားမျက်ရှင် မြတ်စွာဘုရားကြီး၏ စမ္မခဏ်တွင် ရေးသားထားသော
ဣစ္ဆန္တော န၀င်းဂါထာတော်

* ဘဂ၀ါ ဣစ္ဆန္တော သာသပဂဗ္ဘေပိ ဣတော စိတော စင်္ကမတိ။
* ဘဂ၀ါ ဣစ္ဆန္တော စက္က၀ါဠဂဗ္ဘမှိ ကာယေန ဆာဒယိ။
* ဧတေန သစ္စ၀ဇ္ဖေန သိဒ္ဓိ မေ ဇယမင်္ဂလံ၊ အာယု မေ သုခ၀ဍ္ဎနံ။

( မြန်မာပြန်)
မြတ်စွာဘုရားသည် သေးငယ်သည့် အသွင်သဏ္ဍာန် ဖန်ဆင်းလိုသည်ရှိသော် မုန်ညင်းစေ့အတွင်း၌ ပရိက္ခရာ ရှစ်ပါးနှင့်တကွ စင်္ကြံလျှောက်နိုင်၏။

မြတ်စွာဘုရားသည် ကြီးမားသော အသွင်သဏ္ဍာန် ဖန်ဆင်းလိုသည်ရှိသော် စကြာဝဠာ ကမ္ဘာတခုလုံး မိမိကိုယ်တော်ဖြင့် ဖုံးလွှမ်းထားနိုင်၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်အား အရာခပ်သိမ်း အောင်မြင် ပြီးစီးပါစေသတည်း။
ကိုယ်ရောစိတ်ပါ ချမ်းသာ၍ အသက်ရှည်ပါစေသတည်း။

မောင်ချစ်ထွေး (မကွေး)

No comments: