Thursday, July 1, 2010

စွန့်ကြဲဒါန စွမ်းအားပြ

(က) ပေးကမ်းဒါန၊ စွမ်းအားပြ၊ မှတ်ကြ သိစေရာ။
(ခ) မယဉ်ကျေးချင်၊ ရိုင်းသူပင်၊ ပေးလျှင်ယဉ်ကျေးလာ။
(ဂ) ကောင်းကျိုးလိုအင်၊ ပေးကမ်းလျှင်၊ အောင်မြင် ပြီးမြောက်ရာ။
(ဃ) ပေးကမ်းချီးမြှင့်၊ မျက်နှာပွင့်၊ ကြီးမြင့် ဂုဏ်တေဇာ။
(င) လှူခံ တောင်းခံ၊ မေတ္တာပြန်၊ ခြံရံ ညွှတ်ခလာ။

အရှင်ကောဝိဒဓဇ

No comments: