Saturday, July 3, 2010

လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုဟ်မ၊ ဂြိုဟ်မမှ ချမ်းသာရ

(က) မြို့ရွာအသစ်၊ နေအိမ်သစ်၊ ပြုဖြစ်ချိန်ခါတွေ။
(ခ) ထိုအရပ်နေငြား၊ နတ်အများ၊ ပြုထား ကောင်းမှုဝေ။
(ဂ) နတ်ကိုလေးစား၊ နတ်များချစ်ခင်၊ ထိုသူတွင်၊ စည်ပင်ကြီးပွားနေ။

အရှင်ကောဝိဒဓဇ


တနည်း
(က) အိမ်တက်မင်္ဂလာ၊ ပြုသူမှာ၊ ၀န်တာ နှစ်ပါးရှိ။
(ခ) သီလစင်ဖြူ၊ ရဟန်း ရှင် လူ၊ ပေးလှူ မျှဝေဘိ။
(ဂ) အမျှရကာ၊ နတ်ဒေ၀တာ၊ လွန်စွာဝမ်းမြောက်၏။
အမျှရကာ၊ နတ်ဒေ၀တာ၊ လွန်စွာစောင့်ရှောက်၏။
(ဃ) နတ်စောင့်ရှောက်ငြား၊ ထိုသူအား၊ ကြီးပွားတိုးတက်၏။

အမည်မသိ

No comments: