Thursday, July 8, 2010

သင့်ကျန်းမာရေး

( ကြက်သွန်နီ-ဖြူ တရုတ်ဆေးမြီးတို)

၁။ ၀မ်းချုပ်၍ ပင်ပန်းကြီးစွာ၊ နာကျင်စွာ ၀မ်းသွားရသူ၊ ၀မ်းနုတ်ဆေးလည်း စား၍မဖြစ်သူများ သုံးနိုင်သော ဆေးနည်း။
အညှောင့်ပေါက်နေသော ကြက်သွန်နီဥ သုံးလုံး၊ ဆားအနည်းငယ်နှင့် ပဲငါးပိ ၁၅-စေ့ခန့်ရော၍ ထုထောင်းပြီး မုန့်ချပ်ပမာဖြစ်အောင် ပြုလုပ်ကာ မီးပြပါ။ ပူနွေးသောအခါ ချက်တည့်တည့်ပေါ်တွင် ကပ်ပါ။ ၁၅-မိနစ်ခန့်ကြာ၍ ၀မ်းမသွားသေးလျှင် မီးပြပြီး ထပ်ကပ်ပါ။

၂။ အာခေါင်နာလျှင်-
ကြက်သွန်ဖြူမြွှာကြီး တမြွှာ အခွံခွာပြီး အချပ် ၆-ချပ်ခန့်လှီးပါ။ အာခေါင်တွင် ငုံထားပါ။ နံနက် ညနေ တခါစီငုံပါ။ ကြက်သွန်ဖြူနှုင့်အတူ ဗီတာမင် B1 ဆေးပြားတပြားနှင့် တွဲငုံလျှင် အကျိုးအာနိသင် ပိုကောင်းသည်။ အကြောင်းမှာ ကြက်သွန်ဖြူဓာတ်သည် B1 နှင့် ပေါင်းစပ်ပြီး ခန္ဓာကိုယ်တွင် ပိုမိုကြာရှည်စွာ နေနိုင်သည်။ ကြက်သွန်ဖြူ၏ ဆေးစွမ်းသည် ပိုမို၍ ထက်မြက်သည်။ ပါးစပ်တွင်ပေါက်သောအနာ၊ သွားကိုက်သွားနာ၊ သွားဖုံးသွေးထွက်ခြင်း၊ သွားပိုးစားခြင်း၊ အာပုပ်စော်နံခြင်း စသော အာခေါင်တွင်း ရောဂါများကို သက်သာစေနိုင်သည်။
ကျမ်းကိုး။ ။ ၂၀၀၁-ခုနှစ် သြဂုတ်လထုတ် တရုတ်ဘာသာ Popular Medicine မဂ္ဂဇင်းမှ
**********

( အစားအစာအချို့၏ ကျန်းမာရေးရည်ညွှန်း ရမှတ်စာရင်း)
အမေရိကန် ရေးတက္ကသိုလ်မှ သတ်မှတ်သော အစားအစာများ၏ ကျန်းမာရေးရည်ညွှန်းရမှတ်စာရင်း ဖြစ်ပါသည်။ ရမှတ် ၁-မှတ်မှ ၁၀၀-ထိ ရမှတ်များလေ၊ ကျန်းမာရေးအတွက် အာဟာရဓာတ်နှင့် အကျိုးပြုဓာတ်များလေ-ဟု ရည်ညွှန်းသည်။

၁၀၀-မှတ် အစိမ်းရောင် ပန်းဂေါ်ဖီ၊ အပြာရောင် ဘယ်ရီသီး၊ ရုံးပတီသီး၊ ကမ္ဗလာသီး၊ ပဲတီစိမ်း၊ ကန်စွန်းဥ၀ါ၊ ရေညှိ၊ ကျောက်ခက်၊ လုံးတီးဆန်၊ ဂျုံကြမ်း၊ ကျွဲကောသီး။

၉၉-မှတ် နာနတ်သီး၊ မုန်လာဥဖြူ၊ သခွားသီး။
၉၆-မှတ် ပန်းသီး၊ အစိမ်းရောင်ကိုက်လန်။ ခရမ်းချဉ်သီး။
၉၄-မှတ် လိမ္မောသီငယ်၊ ဖရဲသီး။
၉၃-မှတ် သရက်သီး၊ ကြက်သွန်နီ။
၉၁-မှတ် လတ်ဆတ်သော သဖန်းသီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ အဆီဖယ်ထားသော နွားနို့။
၈၉-မှတ် ငါးမျိုးစုံ။
၇၅-မှတ် ပုစွန်။
၇၁-မှတ် ခရု။
၅၂-မှတ် အဆီပါ နွားနို့။
၅၀-မှတ် အီတလီခေါက်ဆွဲ။
၄၉-မှတ် သံဘူး၊ စားတော်ပဲ။
၄၈-မှတ် အရေခွံခွာထားသော ကြက်ရင်အုပ်သား။
၃၆-မှတ် ကျောက်ပုစွန်။
၃၅-မှတ် ၀က်မိုးခိုသား။
၃၁-မှတ် အမဲနံရိုး။
၃၀-မှတ် အမဲမိုးခိုသား၊ ကြက်ပေါင်သား။
၂၈-မှတ် ၀က်နံရိုး၊ ကြက်တောင်ပံ၊ ဆိတ်နံရိုး၊ ဆိတ်ပေါင်သား။
၂၇-မှတ် စပျစ်သီးခြောက်။
၂၁-မှတ် မြေပဲဆားလှော်။
၁၈-မှတ် ကြက်ဥကြော်။
၁၃-မှတ် အဆီမပါသော ၀က်ပေါင်ခြောက်။
၁၀-မှတ် ချောကလက်။
၉-မှတ် ဂျုံနုပေါင်မုန့်။
၇-မှတ် အဆီမပါ ၀က်အူချောင်း။
၎-မှတ် နို့ချောကလက်ဖြူ။
၂-မှတ် ဘီစကစ်မုန့်နှင့် ကိတ်မုန့်မျိုးစုံ။
၁-မှတ် ဘိလပ်ရည်၊ အချိုရည်၊ ရေခဲမုန့်၊ ရေခဲချောင်း။
ကျမ်းကိုး။ ။ တရာတ်ဘာသာ လက်ကမ်းစာစောင်မှ။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

No comments: