Friday, July 2, 2010

လစဉ်ဟောစာတမ်း ( ဇူလိုင်လ ၂၀၁၀)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ အခက်အခဲတွေ့မယ်။ ကြာသပတေးနံတွေနဲ့ ပတ်သက်လို့ စကားများရတတ်တယ်။ အိမ်ထောင်ရှိသူများအဖို့ အိမ်ထောင်ဘက်ကလဲ အထင်လွဲတတ်တယ်။ အလုပ်အကိုင် ပြောင်းရွှေ့ခြင်း မသင့်ပါ။

ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။

ယတြာ=အသက်ကြီးသောလူကို ဆေးဖိုး လှူပါ။

******************************************************************************

( အင်္ဂါ )

မိတ်ဆွေ ဒီလထဲမှာ ငွေကြေးကိစ္စများ အဆင်ပြေလာပါလိမ့်မယ်။ လုပ်ငန်းတွေလဲ တိုးတက်ကောင်းမွန် လာလိမ့်မယ်။ လူချစ်လူခင် များမယ်။ သတင်းကောင်းတွေလဲ ကြားရတတ်တယ်။ အိမ်ထောင်ရေးနဲ့တော့ ပြဿနာ ကြုံရတတ်တယ်။

ကျန်းမာရေး=သင့်တယ်။

ယတြာ=လောက၀ိဒူ ဂုဏ်တော်ကို အဓိဋ္ဌာန်နှင့် ပုတီးစိပ်ပါ။

*******************************************************************************

( ဗုဒ္ဓဟူး )

မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်တွေ ကြည့်လိမ့်မယ်။ စုတ်တွေ လာဘ်တွေလဲ ၀င်တတ်တယ်။ ပျော်ရွှင်တဲ့ ခရီးတွေလဲ သွားရတတ်တယ်။ စက်ပစ္စည်းများလဲ အသစ်အဆန်း ၀င်တတ်တယ်။ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ တွေ့ရလိမ့်မယ်။

ကျန်းမာရေး=သင့်တယ်။

ယတြာ=ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် လှူပါ။ အိပ်ရာ ပြောင်းရွှေ့အိပ်လိုက်ပါ။

********************************************************************************

( ကြာသပတေး )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် အပြောင်းအရွှေ့ မသင့်တော်ပါ။ ငွေရေးကြေးရေး ပိုလျှံမလိုလိုနဲ့ ကုန်ကုန်သွားတတ်တယ်။ အောက်လက်ငယ်သားတွေရဲ့ ဆန့်ကျင်တော်လှန်တာတွေလဲ ကြုံရတတ်တယ်။

ကျန်းမာရေး=ခါးနှင့်ခြေထောက် ဒုက္ခပေးလိမ့်မယ်။

ယတြာ=မြစ်ထဲ ချောင်းထဲမှာ ငါး-၂၆-ကောင် လွှတ်ပါ။

*******************************************************************************

( သောကြာ )

မိတ်ဆွေ ဒီလထဲမှာ အောက်လက်ငယ်သားများ ကိုယ့်ဆီကနေ ထွက်သွားတတ်တယ်။ ငွေရေးကြေးရေး အဆင်မပြေပါ။ အမှုအခင်း သတိထားပါ။ ကားကို ဖြေးဖြေးမောင်းပါ။ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေမယ်။

ကျန်းမာရေး=ညံ့တယ်။

ယတြာ=ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီးစိပ်ပါ။

********************************************************************************

( စနေ )

မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တိုးချဲ့ရတတ်တယ်။ လိုအပ်တာတွေ ရတတ်တယ်။ အိုးပိုင် အိမ်ပိုင် ရတတ်တယ်။ ဒါမှမဟုတ်-အိမ်နေရာ ပြောင်းရွှေ့ရတတ်တယ်။ လုပ်ငန်းမှာလဲ နေရာကောင်းတွေ ရတတ်တယ်။ လူမျိုးခြား, ဘာသာခြားတွေ မ,လိမ့်မယ်။ တန်ခိုးသြဇာတွေ မြင့်တက်လာမယ်။ ဆွေမျိုး အကြီးအကဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။ ငွေတွေ ၀င်လာသလို ထွက်လဲထွက်တတ်တယ်။

ကျန်းမာရေး=ရေနွေးပူ မီးပူ သတိထား။ ခြေထောက် နာတတ် မျက်တတ်တယ်။

ယတြာ=မကြာမကြာ အဓိဋ္ဌာန်နဲ့ သက်သတ်လွတ် စားပါ။

********************************************************************************

( တနင်္ဂနွေ )

မိတ်ဆွေ ဒီလထဲမှာ အစစ အဆင်ပြေပါလိမ့်မယ်။ ကိုယ်က ပြောပြလိုက်သော အရာအားလုံး တပါးသူအတွက် အဆင်ပြေသွားလိမ့်မယ်။ ငွေရေးကြေးရေး အကူအညီတွေလဲ အဆင်ပြေလာလိမ့်မယ်။ လုပ်ငန်းတွေလဲ ကောင်းလာမယ်။ ဘုရားဆင်းတုတော်, ပုံတော်, ရဟန်းသံဃာတော် အိမ်ကို ကြွလာတတ်တယ်။ အိမ်ထောင်ရေးတော့ သတိထားပါ။

ကျန်းမာရေး=သင့်တယ်။

ယတြာ=ကြာပန်း အဖြူရောင် ဘုရားမှာ လှူပါ။



ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: