Monday, July 5, 2010

သြ၀ါဒ

* ရေကိုအလိုရှိသော မြောင်းတူးရေယူသမား လယ်သမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏။
* လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
* သစ်ရွေသမားတို့သည်လည်း လိုတိုင်းရအောင် သစ်ကို ရွေကုန်၏။
* ပညာရှိပုဂ္ဂိုလ်တို့သည်လည်း မိမိတို့၏ ကိုယ်စိတ်နှစ်ပါးကို ယဉ်ကျေးအောင် နှိပ်ကွပ်ဆုံးမကြကုန်၏။
* ဤပြဆိုခဲ့ပြီးသော ဓမ္မပဒကျမ်းလာဒေသနာတော်နှင့်အညီ ရှင်လူအပေါင်းတို့သည်လည်း မိမိတို့၏ ကိုယ်စိတ်နှစ်ပါးကို အသိမှား အမှတ်မှား အယူမှားသို့ မရောက်ရလေအောင် အတတ်နိုင်ဆုံး ဆုံးမနေထိုင်ကြကုန်ရာ၏။

ဘဒ္ဒန္တ နေမိန္ဒာဘိသိရီမဟာထေရ်
ရန်ကုန်တိုင်း လှိုင်မြို့နယ် ရတနာသိင်္ဃ ပရိယတ္တိစာသင်တိုက်
ပဓာနနာယကဆရာတော်

No comments: