မြင်းခွါရွက်ဖျော်ရည်ကို သီတင်းတပတ်လျှင် တခွက်ခန့် ပုံမှန်သောက်သုံးပေးပါက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကျဆင်းစေနိုင်ကြောင်း ပြင်သစ်သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုသုတေသနပညာရှင်များက မြင်းခွါရွက်တွင် ပါဝင်သော သတ္တုဓာတ်ပေါင်းများက ဆီးကျိတ်ကင်ဆာ ဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိသည်။ ဆီးအိမ်အတွင်း သန့်ရှင်းရေးကို အထောက်အကူပြုစေသည်။ မြင်းခွါရွက်ရည်ကို သီတင်းတပတ်လျှင် ဖန်ခွက်တခွက် ပုံမှန်သောက်သုံးပေးသူများကို သုံးနှစ်ကြာ သုတေသနပြုခဲ့ရာတွင် ဆီးကျောက်တည်ခြင်းကို တားဆီးပြီး အသည်းကျန်းမာရေးကို အထောက်အကူ ပြုစေကြောင်း စမ်းသပ်တွေ့ရှိရသည်ဟူ၍ ထုတ်ဖော်ပြောဆိုသည်။
ထို့ပြင် ၄င်းတို့က မြင်းခွါရွက်နှင့် မြင်းခွါရွက်ဖျော်ရည်ကို ပုံမှန်သောက်သုံးသူများသည် အရေပြားပေါ်တွင် ဖြစ်ပွားတတ်သော ရောဂါများကိုလည်း မဖြစ်ပွားစေရန် အထောက်အပံ့ပြုကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ဖော်ပြောဆိုသည်။
Sunday, August 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment