ဆရာတော်ကြီး အာဟာရများ ဘုဉ်းပေးတော်မူတိုင်း ရွတ်ဆိုသော ဂါထာ။
စက္ခုမာစရ မာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ၀ရဒေါ ဒေတု မေ ၀ရံ။
ဆရာတော်ကြီး ခရီးကြွတော်မူတိုင်း ရွတ်ဆိုသော ဂါထာ။
ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
ဆရာတော်ကြီး၏ သြ၀ါဒ ကောက်နုတ်ချက်
၁။ တရားနာ၊ တရာအားထုတ်ဖို့ ပျင်းမနေကြနဲ့။ ပျင်းနေရင်တော့ ဘေးဒုက္ခဖြစ်မှာပဲ။
၂။ ကုသိုလ်လုပ်ကြရမှာကို လုံးဝ မမေ့ကြနဲ့။ ကုသိုလ်မလုပ်ဘဲ မေ့နေရင်တော့ ဘေးဒုက္ခဖြစ်မှာပဲ။
၃။ ဟန်ဆောင်ခြင်းကင်းမှ သူတော်ကောင်း။
၎။ ကိုယ့်ကိုယ်ကို မာအောင် အရင်လုပ်။
၅။ ရေလောင်းပေါင်းသင်တာက ကိုယ့်အလုပ်။ မှန်မှန်ရေလောင်းပေါင်းသင်၊
အချိန်တန်တော့ အသီးသီးလာလိမ့်မယ်။ အသီးသီးတာက သူ့အလုပ်။
၆။ ဖြစ်သင့်တာ ဖြစ်ချင်လျှင် ဂုဏ်တော်ကို များများပွား မုချဖြစ်မည်။
၇။ ဘယ်ဂါထာ ဘယ်မန္တန် စွမ်းတယ်လို့ ဘယ်လောက်ပဲပြောပြော ဣတိပိ သော-အိပ်နေသလောက်ပဲ ရှိတယ်။
ဘဒ္ဒန္တသောဘိတ မဟာထေရ်
ဓနုဖြူမြို့ ရွှေဂူကျောင်းဆရာတော်
Subscribe to:
Post Comments (Atom)
1 comment:
မင်္ဂလာပါခင်ဗျာ...
ကျေးဇူးပြု၍ ဓာတ်ကြီးလေးပါး ဂါထာ၏ အဓိပ္ပါယ် ကို မြန်မာပြန်ပေး စေချင်ပါတယ် ခင်ဗျာ ....
ခက်ဆစ် လိုပါပြန်ပေးမယ်ဆိုလျှင် ပိုကောင်းပါတယ် ခင်ဗျာ ... ကျေးဇူးတင်ပါသည် ... လေးစားစွာဖြင့်
Post a Comment