Tuesday, August 3, 2010

တရားနာရခြင်း အကျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားနာရခြင်း၏ အကျိုး ၅-ပါးတို့ကို ဟောတော်မူသည်။

ရဟန်းတို့၊ တရားနာကြားခြင်း၏ အကျိုး ၅-ပါးရှိသည်။ ယင်းတို့မှာ-
(၁) တရားနာသူသည် မကြားဘူးသေးသော တရားကို ကြားနာရခြင်း။
(၂) ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာ သိရရှိရခြင်း။
(၃) ယုံမှားသံသယ ကင်းရှင်းခြင်း။
(၄) အယူအဆ ဖြောင့်မှန်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း-ဟူသော အကျိုး ၅-ပါးကို ရစေ၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ ဓမ္မဿဝန၀တ္ထု။

ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

No comments: