Friday, August 6, 2010

ကျောင်းလှူရခြင်း အကျိုး ၈-ပါး

(၁) ရွှေဗိမာန် ပေါ်ပေါက်ခြင်း။
(၂) ထိတ်လန့်မှု ကင်းခြင်း။
(၃) ကြောက်ရွံ့မှု ကင်းခြင်း။
(၄) ဘေးရန် ကင်းရှင်းခြင်း။
(၅) ဘီလူး၊ သားရဲ၊ တစ္ဆေ မခြောက်ခြင်း။
(၆) မကောင်းသောအိပ်မက် မမြင်မက်ခြင်း။
(၇) မြဲမြံခိုင်ခန့်သော သတိရှိခြင်း။
(၈) ဘ၀အဆက်ဆက်ကို သိမြင်ခြင်း။

ဆောင်ပုဒ်။ ။
ရွှေဗိမာန်ပေါက်၊ ထိတ်ကြောက် ကင်းနေ၊
ဘေးရန် ပပျောက်၊ မခြောက်တစ္ဆေ၊
မကောင်းအိပ်မက်၊ မမက်မြင်ပေ၊
မြဲသတိ၊ ဆက်သိ ဘ၀တွေ၊
ကျောင်းဒါန၊ ရကြကျိုးရှစ်ထွေ။

အရှင်ဂန္ဓမာလာဘိဝံသ (ဒုလ္လဘကျင့်စဉ်ကျမ်းမှ)

No comments: