Tuesday, August 3, 2010

လစဉ် ဟောစာတမ်း ( သြဂုတ်လ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( သြဂုတ်လ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ ကိုယ့်အလုပ်ကို ကြိုးစားလုပ်ပါ။ အချိန်ဖြုန်းသလို မလုပ်ပါနဲ့။ ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိပါလိမ့်မည်။ လာဘ်သပ်ပကာ ရွှင်မည်။ အိမ်ထောင်ရေး သတိထား။ ပြဿနာ ကြုံတတ်သည်။ ငွေကုန်ကြေးကျ များတတ်သည်။

ကျန်းမာရေး=ကောင်းသည်။

ယတြာ=ဘုရားကို ရွှေထီး ၂-လက် ကြက်ခြေခတ် လှူပါ။

******************************************************************************

( အင်္ဂါ )

မိတ်ဆွေ ဒီလထဲမှာ မိမိမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မည်။ ၀န်ထမ်းဆိုရင် ရာထူးတက်တတ်သည်။ အပျော်ခရီးတွေ သွားရတတ်သလို မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရတတ်သည်။ အင်္ဂါနံ အထက်လူကြီးများ ကြည့်ရှုသလို၊ အင်္ဂါနံ စိန်-စက် ၀င်တတ်သည်။

ကျန်းမာရေး=သင့်သည်။

ယတြာ=အင်္ဂါနေ့တိုင်း ဘုရားကို ဆီထမင်းလှူပါ။ (အုန်းသီးမထဲ့ပါနဲ့)

*******************************************************************************

( ဗုဒ္ဓဟူး )

မိတ်ဆွေ ဒီလထဲမှာ ငွေတွေ ဒလဟော ၀င်လိမ့်မည်။ ထွက်တာတွေလဲ အရမ်းများနေမည်။ အထူးသတိထားရမှာက သူခိုး ခိုးခံရတတ်သည်။ ရင်းနှီးတဲ့မိတ်ဆွေ၏ အထင်လွဲ မုန်းတီးမှု ခံရတတ်သည်။ ကားရပ်တဲ့အခါ သတိထားပါ။ သူများကားက ပွတ်တိုက်တာမျိုး ခံရတတ်သည်။ အိမ်နေရာ ပြောင်းရွှေ့ကိန်း မြင်သည်။ လုပ်ငန်းတွေ ကောင်းသည်။

ကျန်းမာရေး=မျက်နှာမှာ အဖုအပိန့်တွေ ထွက်တတ်သည်။ ရေနွေးပူ, မီးပူ သတိထားပါ။

ခြေထောက် နာတတ်, မျက်တတ်သည်။

ယတြာ=တနင်္ဂနွေနေ့ ညနေတိုင်း မီးသက်စေ့ လှူပါ။

********************************************************************************

( ကြာသပတေး )

မိတ်ဆွေ ဒီလထဲမှာ ကိုယ်ပေးစရာ ရှိတာတွေ ချက်ချင်းပေးရတတ်သည်။ လာဘ်သပ်ပကာ ပိတ်တတ်သည်။ ငွေတွေ ဆုံးပါးတတ်သည်။ မမျှော်လင့်ဘဲ ပြဿနာတွေ ဖြေရှင်းရတတ်သည်။ လုပ်ငန်းတွေ ထိခိုက်ပြီး လုပ်ဖော်ကိုင်ဘက်ခြင်း စိတ်ဝမ်းကွဲတတ်သည်။ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်မည်။

ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်လိမ့်မည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမဂုဏ်ခံစားလိုစိတ် ကုန်ခန်းလိမ့်မည်။

ယတြာ=အခါကြီး ရက်ကြီးတွေမှာ သက်သတ်လွတ် စားပါ ။

*******************************************************************************

( သောကြာ )

မိတ်ဆွေ ဒီလထဲမှာ ငွေကြေးဆုံးပါးတတ်သည်။ အောက်လက်ငယ်သား တပည့်တွေ ထွက်သွားတတ်သည်။ ငွေကြေး အသုံးပြတ်တတ်သည်။ အမှုအခင်း သတိထားပါ။ ဖြေရှင်းစရာ ပြဿနာ ပေါ်တတ်သည်။

ကျန်းမာရေး=ညံ့သည်။

ယတြာ=စနေနေ့မနက် ၁၀-နာရီမှာ ဒန်ပေါက်တထုပ် ဘုန်းကြီးကို လှူပါ။

********************************************************************************

( စနေ )

မိတ်ဆွေ ဒီလထဲမှာ လာဘ်အရမ်းရွှင်မည်။ လူအနေနဲ့ အောင်မြင်မည်။ ထီပေါက်တတ်သည်။ မမျှော်လင့်ဘဲ ငွေတွေ ရုတ်တရက် ၀င်လာတတ်သည်။

ကျန်းမာရေး=ဂရုစိုက်ပါ။ ခေါင်းမူး ၀မ်းကိုက် ၀မ်းလျှော ဖြစ်တတ်သည်။

ယတြာ=ကြာဖူး ၂-ပွင့်၊ သစ္စာပန်း ၆-ပွင့် ဘုရားလှူပါ။

********************************************************************************

( တနင်္ဂနွေ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်ကိစ္စနဲ့ပတ်သက်၍ ကူညီစောင့်ရှောက်မဲ့သူတွေ ပေါ်လာလိမ့်မည်။ လာဘ်လာဘတွေ ရလိမ့်မည်။ ဆုံးပြီထင်တဲ့ငွေတွေ ပြန်ရတတ်သည်။ အလုပ်တွေ အကျိုးပေးမည်။ ဘုရားပုံ (သို့) ဘုန်းကြီး ရဟန်းသံဃာ အိမ်ကို ကြွလာတတ်သည်။ လုပ်ငန်းသစ် ကောင်းသည်။ ကြည်ညိုလေးစား ခံရတတ်သည်။ အခုလိုလမျိုးမှာ အချိန် မဖြုန်းပါနဲ့။

ကျန်းမာရေး=သင့်သည်။

ယတြာ=ဗုဒ္ဓဟူးနေ့မှာ ဘုရားရှေ့က ဖန်ခွက်ထဲ ကတက်ညွှန့် ၇-ညွှန့်၊ ထန်းလျက် ၇-ခဲ ထည့်လှူပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: