ကျွန်တော်တို့ မြန်မာလူမျိုးများမှာ အများရှေ့တွင် လေလည်မိမှာ အလွန်စိုးလှသည်။ ရှက်စရာဟု သတ်မှတ် ထားကြသည်။ သို့သော် အများရှေ့တွင် နှာချေခြင်း၊ ချောင်းဆိုးခြင်းကိုတော့ ပေါ့ပေါ့တန်တန် သဘောထားကြ ပြန်သည်။
အမှန်မှာ လေလည်ခြင်းကို ရှက်စရာဟု မမြင်သင့်ချေ။ အနောက်နိုင်ငံများတွင်လည်း လေလည်ခြင်းကို သဘာဝဟုသာ မြင်ကြ၍ မည်သူမျှ ဂရုမစိုက်ကြ။ သို့သော် အမျာေးရှ့တွင် ချောင်းဆိုးရန် နှာချေရန်ကား ၀န်လေးကြသည်။
ယနေ့ သုတေသနပြုပြီးချက်အရ တုပ်ကွေးရောဂါရှိနေသူ တယောက်သည် လူအများရှေ့တွင် နှာတချက် ချေလိုက်ခြင်းဖြင့် လူအများကြပ်နေသည့် ရုပ်ရှင်ရုံလို နေရာမျိုးဆိုလျှင် လူငါးယောက်ထက်မနည်း ရောဂါကူးစက်စေတတ်သည်ဟု ဆိုပါသည်။ အဆုတ်ရောဂါအပါအ၀င် အဖျားရောဂါပေါင်းစုံလည်း ဤနည်းဖြင့် သူတပါးအား ကူးစက်စေလေ့ရှိသည်။ သို့အတွက် နှာချေလျှင်(သို့မဟုတ်) ချောင်းဆိုလျှင် လူသူကင်းရာတွင် ချေဆိုးသင့်သည်။ မလွှဲသာ၍ အများကြားတွင် နှာချေရမည်ဆိုလျှင်လည်း လက်ကိုင်ပ၀ါကလေး လောက်နှင့်တော့ ပါးစပ်ကို ကာကွယ်ပိတ်ဆို့သင့်ကြပါသည်။
ဆရာဝန်တင်ရွှေ
Sunday, August 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment