Thursday, September 2, 2010

လစဉ် ဟောစာတမ်း ( စက်တင်ဘာလ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( စက်တင်ဘာလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘ ရွှင်မယ်။ ဆုံးမလိုဖြစ်တဲ့ ပစ္စည်းတွေ ပြန်ရတတ်တယ်။ အလုပ်အကိုင် အဆင်ပြေမယ်။

ကျန်းမာရေး=သင့်တယ်။

ယတြာ=အိပ်ရာရွှေ့အိပ်လိုက်ပါ။

******************************************************************************

( အင်္ဂါ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ကောင်းတယ်။ ဒါပေမယ့် အတိုက်အခံရှိတယ်။ မိတ်ဆွေအရင်းရဲ့ မုန်းတီးမှု အထင်လွဲမှု ခံရတတ်တယ်။ ငွေတွေဝင်သလောက် ထွက်တတ်တယ်။

ကျန်းမာရေး=ဆွေမျိုး အကြီးအကဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။

ယတြာ=တနင်္ဂနွေနေ့ ညနေ ၃-နာရီ ရွက်လှ ၄-ညွှန့်၊ ရေသန့် ၆-ခွက် ဘုရားလှူပါ။

*******************************************************************************

( ဗုဒ္ဓဟူး )

မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘရွှင်မယ်။ မျက်နှာပွင့်မယ်။ ချစ်သူရည်းစား ရတတ်တယ်။ အိမ်ထောင်ရှိသူဖြစ်လျှင် သတိထားပါ။

ကျန်းမာရေး=မျက်စိကို ဒုက္ခပေးတတ်တယ်။

ယတြာ=နဂါးရုံဘုရားမှာ ထန်းလျက် ၁၁-ခဲကို စက္ကူနဲ့ထုပ်ပြီး လှူပါ။

********************************************************************************

( ကြာသပတေး )

မိတ်ဆွေ ဒီလထဲမှာ သူတပါးရဲ့ မလိုမုန်းတီး တိုက်ခိုက်မှုတွေ ခံရတတ်တယ်။ အလုပ်အကိုင် ထိခိုက်တတ်တယ်။ အလုပ်အကိုင် အခက်အခဲတွေ့မယ်။

ကျန်းမာရေး=သွေးနဲ့ပတ်သက်တဲ့ ရောဂါ သတိထားပါ။

ယတြာ=စနေနေ့နံနက်စောစော ထီးနီ သက်စေ့လှူပါ။

*******************************************************************************

( သောကြာ )

မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိုင်ငန်းတွေ အခက်အခဲဖြစ်သလို ပင်ပန်းနေတာမျိုး ဖြစ်တတ်တယ်။ နာမည်ပျက်အောင် သတင်းလွင့်ခံရတတ်တယ်။ ငွေကြေး အကုန်အကျများနေလိမ့်မယ်။

ကျန်းမာရေး=လေထိုး လေအောင် ဖြစ်တတ်တယ်။ ၀မ်းရေနဲ့ပတ်သက်တာ သတိထား။

ယတြာ=မွေးနေ့မှာ ယပ် သက်စေ့လှူပါ။

********************************************************************************

( စနေ )

မိတ်ဆွေ ဒီလထဲမှာ အကုန်အကျတွေ တအားများနေမယ်။ လုပ်ငန်းတွေ အခက်အခဲ တွေ့နေမယ်။ အိမ်မှာနေရတာ မပျော်ပိုက်ဘဲ ရှိနေမယ်။ အိမ်တွင်းရေး သတိထားပါ။

ကျန်းမာရေး=ခြေထောက်, ခါး သတိထားပါ။ ခွေးကိုက်ခံရတတ်သည်။

ယတြာ=ဗုဒ္ဓေါ ဂုဏ်တော်ကို မကြာမကြာ ပွားပါ။

********************************************************************************

( တနင်္ဂနွေ )

မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်။ လုပ်ငန်း အဆင်ပြေမယ်။ ငယ်ရွယ်သူများ အိမ်ထောင်ကျတတ်တယ်။ ငွေဝင်ကောင်းတယ်။

ကျန်းမာရေး=သင့်သည်။

ယတြာ=ဆီထမင်း ဘုရားလှူပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: