Saturday, September 4, 2010

သြ၀ါဒ

* ရဟန်း ရှင် လူ မည်သူမဆို အချိန်နဲ့တပြေးညီ ကြိုးစားကြဖို့ လိုပါတယ်။
* အရွယ်ကောင်းတုန်းမှာ မိမိကြိုးစားရမယ့် ဒါန၊ သီလ၊ ဘာဝနာနှင့် သာသနာ့အလုပ်များ မလုပ်နိုင်ခဲ့ရင် လူသားတဦးအနေနဲ့ လူမှုစီးပွားရေးကို အချိန်အခါနဲ့အညီ မကြိုးစားနိုင်ခဲ့ရင်-
တချိန်မှာ ရေကုန်ခန်းလို့ ငါးမရှိတဲ့ရေအိုင်မှာ တောင်ပံကျိုးတဲ့ ကြိုးကြာငှက်လို ကြံမှိုင်မှိုင်ပြီး နေရတတ်ပါတယ်။
* ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ပြီး ကြိုးစားကြပါ။

ဘဒ္ဒန္တစန္ဒသိရီ မဟာထေရ်
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သာသနာ့ဝန်ဆောင်ကျောင်းတိုက်
ပဓာနနာယက ဆရာတော်။

No comments: