Sunday, September 5, 2010

အသင် လျစ်လျူရှုတတ်သော၊ မမြင်ရသော လျှပ်စစ်သံလိုက်လှိုင်း။ ဗိုက်ရွှဲခြင်း နှင့် ပဲနို့

( အသင် လျစ်လျူရှုတတ်သော၊ မမြင်ရသော လျှပ်စစ် သံလိုက်လှိုင်း)
၁၄-၂-၁၉၉၆-ခုနှစ်တွင် အင်္ဂလန်ရူပဗေဒ ပညာရှင်အသင်းက ကြေညာသည်မှာ ယခုခေတ် အိမ်သုံး လျှပ်စစ်ပစ္စည်း ကိရိယာများမှ ဖြစ်ပေါ်သော လျှပ်စစ်သံလိုက်စက်ကွင်းသည် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ထုတ်လွှတ်နိုင်သော ရေဒွန်ဓာတ်အမှုန်များကို ဆွဲဆောင်ထားနိုင်သည်။ ဤရေဒွန်မှထုတ်လွှတ်သော ဓာတ်ရောင်ခြည်သည် ကင်ဆာရောဂါအမျိုးပေါင်း ၄၀-ကျော် ဖြစ်စေနိုင်သည်။ လက်ကိုင်တယ်လီဖုန်း၊ ကွန်ပျူတာ အသုံးပြုခြင်း သည်လည်း ကိုယ်ဝန်ပျက်စေခြင်း၊ ကလေးကိုယ်ဝန်ပုံပြောင်းခြင်း၊ ကင်ဆာရောဂါ ဖြစ်စေခြင်း စသည့် ဆိုးကျိုးများ ဖြစ်စေသည်ကို တိကျစွာသိရှိနိုင်ရန် သုတေသနပြုဆဲဖြစ်သည်။ အဲယားကွန်းသုံးခြင်းသည်လည်း ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေသည်။
*******************************************************************************

( ဗိုက်ရွှဲခြင်း နှင့် ပဲနို့် )
နေ့တိုင်း ပဲနိုပ်တခွက်သောက်ခြင်းသည် ၀မ်းဗိုက်တွင်းစုနေသော အဆီပြင်ကို လျှော့နည်းစေနိုင်သည်။ ဤသည် အမေရိကန် အာလာပါမာတက္ကသိုလ်၊ ဘာမင်ဟန်ကောလိပ်မှ သုတေသနပြုသူတစု၏ အဆိုဖြစ်သည်။

သုတေသနပြုသူများသည် သွေးဆုံးပြီး ကျန်းမာသောအမျိုးသမီး ၁၅-ဦးတို့အား စူးစမ်း၍ ပဲကျပ်ပျဉ်ခေါ် ပဲပုပ်ခေါ် ဆိုယာပဲနို့ခေါ် ပဲပိစပ်၏ အကျိုးအာနိသင် သက်ရောက်မှုကို လေ့လာကြသည်။ ၉-ဦးကို နေ့စဉ် ၁၂၀-ကယ်လိုရီ ရှိသော ပဲနို့ကို သောက်စေသည်။ အခြား ၆-ဦးကို ပဲနို့အစားထိုး အခြားအရည်များကိုသာ သောက်စေသည်။

၃-လကြာပြီးနောက် စမ်းသပ်စစ်ဆေးမှုအရ နေ့စဉ် ပဲနို့သောက်သူ ၉-ဦး၏ ၀မ်းဗိုက်အဆီဓာတ်သည် သိသာထင်ရှားစွာ လျော့နည်းသွားသည်ကို တွေ့ရသည်။ အခြား ၆-ဦးမှာမူ အဆီဓာတ် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသနပြုသူများ၏ ယူဆချက်မှာ ခန္ဓာကိုယ်တွင်းရှိ ပိုလျှံသကြားဓာတ်၏ အဆီဓာတ်အဖြစ် ပြောင်းလဲစုဆောင်းသောဖြစ်စဉ်ကို ပဲပုပ်တွင်ပါဝင်သော ပရိုတင်းဓာတ်က ဖြတ်တောက်တားဆီး ပေးလိုက် သည်ဟု ယူဆကြသည်။

ဝမ်းဗိုက်အဆီဓာတ်သည် ကျန်းမာရေးအတွက် အထူးဆိုးကျိုးပေးတတ်သည်။ ခန္ဓာကိုယ် အခြားအစိတ်အပိုင်း တွင်ရှိသော အဆီဓာတ်ထက် နှလုံးရောဂါနှင့် ဆီးချိုရောဂါကို ပိုမိုဖြစ်စေနိုင်သည်။

ယခင် သုတေသနပြုချက်များအရလည်း ပဲပုပ်ပဲနှင့် ပြုလုပ်သော ပဲနို့နှင့် ပဲပြားတို့သည် သားဥအိမ်ကင်ဆာနှင့် နှလုံးရောဂါအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ကို သိရှိရသည်။
အကိုး။ ။ China News Week (29-10-2007)

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: