Friday, September 3, 2010

ထမင်းစားပြီးတိုင်း ရေနွေးကြမ်း သောက်သုံးပေးပါက အစာအိမ်ကင်ဆာနှင့် သွေးတိုးရောဂါများ ကာကွယ်နိုင်

အစာစားပြီးတိုင်း ရေနွေးကြမ်းပူပူ သောက်သုံးခြင်းဖြင့် အစားအစာများ ချေဖျက်မှုကို အထောက်အကူ ပြုပေးနိုင်သည့်အပြင် နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာရောဂါများ ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း ကနေဒါဆေးသိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

ရေနွေးကြမ်းပူပူ သောက်သုံးခြင်းသည် အစာအိမ်အတွင်း အစာများ လျင်မြန်စွာ ချေဖျက်နိုင်ပြီး အူနံရံနှင့် အစာအိမ်နံရံများက လွယ်ကူစွာ အစာများစုပ်ယူနိုင်အောင် အထောက်အကူပြုစေသည်။
ရေနွေးကြမ်းပူပူဟု ဆိုရာတွင်လည်း အပူလွန်သော ရေနွေးကြမ်းမျိုးမဟုတ်ဘဲ ပူနွေးသည့် အနေအထား မျိုးကိုသာ သောက်သုံးသင့်သည်။ အပူလွန်သော ရေနွေးကြမ်းသည် လည်ချောင်းနှင့် အူနံရံများရှိ သွေးကြောများကို ပေါက်ထွက်စေခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်သဖြင့် မသောက်သုံးသင့်ကြောင်း ၄င်းတို့က သတိပေးထားသည်။

ထမင်းစားပြီးတိုင်း (သို့မဟုတ်) အစာစားပြီးတိုင်း ပူနွေးသည့်ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးပါက အစာအိမ်နှင့် အူမကြီးကင်ဆာတို့ကို ကာကွယ်ပေးနိုင်သည့်အပြင် သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေသဖြင့် ပူနွေးသည့်ရေနွေးကြမ်းကို ပုံမှန်သောက်သုံးသင့်ကြောင်း ကနေဒါဆေးသိပ္ပံ ပညာရှင်များက တိုက်တွန်းပြောကြားထားသည်။

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: