Friday, September 3, 2010

လူသားများ၏ နံပါတ် (၁) ရန်သူ

ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် နှလုံးရောဂါသည် အမျိုးသား၊ အမျိုးသမီး များစွာအား မရဏသေမင်းထံ ပို့ဆောင်ပေးသော လူသားများ၏ နံပါတ် (၁) ရန်သူဖြစ်သည်။

အထူးသဖြင့် စားကောင်း သောက်ဖွယ်များ စားသုံးပြီး ၀ဖြိုးအလှတိုးကာ ချွေးထွက်မခံဘဲ ဇိမ်ရှိရှိ အအေးခန်းများတွင် နေထိုင်ကာ ဇိမ်ခံကားစီးပြီး အပင်ပန်းခံရန် ၀န်လေးသောသူများမှာ နှလုံးရောဂါ၏ ပစ်မှတ်များဖြစ်သည်။ လူ့လောကကို အချိန်မတိုင်မီ စောစောစီးစီး စွန့်ခွါရလေ့ရှိကြသည်။ ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှ ကာကွယ်ပြီး သင်တို့၏နှလုံးကို နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာ ရှိစေပြီး အလုပ်လုပ်ကိုင်နိုင်စေရန် နည်းလမ်းကောင်းများရှိကြောင်း သုတေသီများက ညွှန်ပြထားကြသည်။

(နည်းလမ်းကောင်းများ)
သက်ရှည်ကျန်းမာပြီး နှလုံးရောဂါကို တားဆီးကာကွယ်ရန်အတွက်-
(၁) သင်၏ သွေးပေါင်ချိန် (Blood Pressure) ကို ထိန်းသိမ်းပါ။
(၂) သင်၏ အဆီဓာတ် (Cholesterol) ကို ဂရုစိုက်ပါ။
(၃) သင်၏ကိုယ် အလေးချိန် အ၀မလွန်ပါစေနဲ့။
(၄) သင်၏ သွေးချို၊ ဆီးချိုကို ဂရုစိုက်ပါ။
(၅) သင်၏ နေထိုင် စားသောက်မှု၊ အကျင့်စရိုက်နှင့် စိတ်သဘောထားများကို ပြုပြင်ပါ။

ဤအချက်ငါးချက်ကို စာရှုသူများအနေဖြင့် အလေးထားပြီးထိန်းသိမ်းကာ လိုက်နာဆောင်ရွက်ခြင်းဖြင့် နှလုံးရောဂါကြောင့် မသန်စွမ်းဖြစ်ရခြင်း၊ အသက်ဆုံးရှုံးရခြင်းတို့ကို တားဆီးကာကွယ်နိုင်ကြမည် ဖြစ်ပါသည်။
အကိုး။ ။ နှလုံးကျန်းမာ၊ သက်ရှည်ရန် သိဖွယ်နည်းလမ်းများ။(ပါမောက္ခ ဒေါက်တာမြသိန်းဟန်)။

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: