ဒီတပတ်မှာတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အခြေခံအကျဆုံး သိသင့်သိထိုက်တဲ့အကြောင်းအရာကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။
ဗုဒ္ဓဆိုတာ မြန်မာလိုတော့ သိသောသူ-လို့ ဆိုလိုပါတယ်။
လူတိုင်းသိတဲ့အသိနဲ့ ဗုဒ္ဓရဲ့အသိက မတူပါဘူး။
ဗုဒ္ဓသိတာက အရာအားလုံးကို နက်နက်နဲနဲ ဝေခွဲပြီးသိတော်မူတာပါ။
ဗုဒ္ဓ ဘာတွေများ သိသလဲဆိုတော့-
အမှန်တရားလေးပါးကို နက်နက်နဲနဲ ဝေခွဲပြီး သိတော်မူပါတယ်။
၁။ ဆင်းရဲခြင်း အမှန်တရားကို သိတော်မူတယ်။
၂။ ဆင်းရဲကြောင်း အမှန်တရားကို သိတော်မူတယ်။
၃။ ဆင်းရဲငြိမ်းရာ အမှန်တရားကို သိတော်မူတယ်။
၎။ ဆင်းရဲငြိမ်းရာသို့ရောက်ကြောင်း အမှန်တရားကို သိတော်မူတယ်။
ဒီအမှန်တရားလေးပါးကို ပိုင်းခြားထိုးထွင်းပြီး သိတော်မူတဲ့အတွက် ဗုဒ္ဓလို့ခေါ်ကြပါတယ်။
ဗုဒ္ဓသည် အမျိုးအားဖြင့်-မင်းမျိုး။
ဇာတ်အားဖြင့်-သာကီဝင်။
အနွယ်အားဖြင့်-ဂေါတမ။
လူအမည်အားဖြင့်-သိဒ္ဓတ္ထ။
ဗုဒ္ဓရဲ့ဘွဲ့တော်က အနွယ်ကို အစွဲပြုပြီး ဂေါတမလို့ အမည်တွင်၏။
လောကအားလုံးရဲ့ အကျိုးအားလုံးကို ပြီးစီးစေနိုင်လို့ သိဒ္ဓတ္ထ-လို့ အမည်တွင်ပေသည်။
Saturday, October 2, 2010
Subscribe to:
Post Comments (Atom)
1 comment:
ရှင်တော်ဂေါတမသည် အလုံးစုံတို့ကို အကြွင်းမဲ့ မသိမမြင်ကြောင်းကို ကျမ်းသက်သေခံသည်မှာ။ အနမတဂ္ဂါယံဘိက္ခဝေ သံသာရော ပုပ္ပေ ကောဋိ နပညာယတိ အာဝိဇ္ဇာနိဝရဏာနံ သတ္တာနံ တဏှာသံယောဇနံ သန္ဓာဝတံ သိံသရတံ။
အ၀ိဇ္ဇာန်ဝရဏာနံ၊ အ၀ိဇ္ဇာနိဝရရှိကုန်သော၊ တဏှာသံယောဇနာဏံ၊ တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော၊သန္ဓာဝတုံ၊ ဤဘ၀မှသည်၊ သံသရန္တ၊ ပြောင်းသွားကုန်သော၊ သတ္တာနံ၊ သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော၊ ကောဋိ၊ အစွန်းကို၊ နကညာယတိ၊ ငါမသိငါမထင်နိုင်ကုန်။ ။
အ၀ိဇ္ဇာနိဝရရှိကုန်သော တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော ဤဘ၀မှသည်၊ ပြောင်းသွားကုန်သော သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော အစွန်းကို၊ ငါမသိငါမထင်နိုင်ကုန်။ ။
ဤကဲ့သို့ နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ် တွင်ပြသည်၊ ထိုသို့ ပြဆိုသည် ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌ အလုံးစုံအရာ တို့ကို၊ သိမြင်နိုင်သော ဥာဏ်မရှိ ကြောင်းကို သိရလေသည်။
Post a Comment