Monday, October 4, 2010

လစဉ်ဟောစာတမ်း (အောက်တိုဘာလ)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( အောက်တိုဘာလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ လူမျိုးခြား, ဘာသာခြားတွေ မ,စ ကိန်းရှိတယ်။ နာမည်ဂုဏ်သတင်းတွေ ကောင်းတယ်။ လုပ်ငန်း, ရာထူး တိုးတက်တာမျိုး ကြုံရတတ်တယ်။

ကျန်းမာရေး=အရေပြားနဲ့ပတ်သက်လို့ အပူထွက်တတ်, ယားတတ်တယ်။

ယတြာ=တနင်္ဂနွေ ညနေတိုင်း အိမ်မှဘုရားကို မီးသက်စေ့လှူပါ။

******************************************************************************

( အင်္ဂါ )

မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီးတွေရဲ့ အထင်အမြင်လွဲမှု, ငြိုငြင်မှု ခံရတတ်တယ်။ ရပ်ဝေး ရပ်နီး ခရီးတွေ သွားရတတ်တယ်။ အလုပ်အကိုင်နဲ့ ပတ်သက်လို့ အတိုက်အခံ အနှောင့်အယှက် ရှိတယ်။

ကျန်းမာရေး=မျက်နှာပြင်မှာ အဖုအပိန့် ထွက်လိမ့်မယ်။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စားပါ။

*******************************************************************************

( ဗုဒ္ဓဟူး )

မိတ်ဆွေ ဒီလထဲမှာ ၀င်ငွေကောင်းတယ်။ ထီလဲထိုးပေးပါ။ ငွေလဲ စုဆောင်းမိတတ်တယ်။ အလုပ်ကလဲ ထွက်ချင်တတ်တယ်၊ မထွက်ပါနဲ့။ ခရီးယာယီကိန်း ကောင်းတယ်။

ကျန်းမာရေး=မျက်စိ ဒုက္ခပေးလိမ့်မယ်။

ယတြာ=စနေနေ့ စနေနံဘုရားမှာ ထန်းလျက်ခဲ ၁၁-ခဲ လှူပါ။

********************************************************************************

( ကြာသပတေး )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ ပျက်လိမ့်မယ်။ အလုပ်လုပ်ရတာလဲ အခက်အခဲ တွေ့ရတတ်တယ်။ ဘာကိုမှ အာမ မခံပါနဲ့၊ သတိထားပါ။

ကျန်းမာရေး=၀မ်းနဲ့ပတ်သက်တဲ့ ဥပါဒ် ပေးလိမ့်မယ်။

ယတြာ=ဥပုသ်သည်ကို ဖိနပ်လှူပါ။

*******************************************************************************

( သောကြာ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် အဆင်ပြေမယ်။ ၀င်ငွေကောင်းတယ်။ ငွေ စုဆောင်းမိမယ်။ လူချစ်လူခင် များမယ်။ ဒါပေမဲ့ အိမ်ထောင်ရေး ပြဿနာ ကြုံရတတ်တယ်။

ကျန်းမာရေး=သင့်တယ်။

ယတြာ=ဘုရားမှာ ကြာပန်းအဖြူရောင် လှူပါ။

********************************************************************************

( စနေ )

မိတ်ဆွေ ဒီလထဲမှာ ကိုယ့်ငွေတွေ သူများလက်ထဲ မြှုပ်နေတတ်တယ်။ လုပ်ငန်းတွေ အခက်အခဲ တွေ့ရတတ်တယ်။ ၀င်ငွေကောင်းသလို ထွက်ငွေလဲ ကောင်းနေတတ်တယ်။ စိတ်ညစ်စရာ ဖြစ်တတ်သလို သွားကလဲ ဒုက္ခပေးတတ်တယ်။ ညံ့တဲ့အထဲ မြေ၀င်ကိန်း ရှိတယ်။

ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်တတ်တယ်။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ် စားပါ။

********************************************************************************

( တနင်္ဂနွေ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ရာထူး တိုးလိမ့်မယ်။ ဆုံးပြီထင်တဲ့ ပျောက်တဲ့ပစ္စည်း ပြန်တွေ့တတ်တယ်။ ၀င်ငွေကောင်းတယ်။ မိတ်ဆွေကောင်း တွေ့ရတတ်တယ်။

ကျန်းမာရေး=သင့်တယ်။

ယတြာ=အိပ်ရာ ရွှေ့အိပ်လိုက်ပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: