၁။ နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။
စိတ်လျှင် အကြီးအမှူးရှိကုန်၏။
စိတ်ဖြင့် ပြီးကုန်၏။
ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်၎င်း၊ ပြုလုပ်သော်၎င်း၊ ကြံစည်သော်၎င်း၊ ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
၂။ နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။
စိတ်လျှင် အကြီးအမှူးရှိကုန်၏။
စိတ်ဖြင့် ပြီးကုန်၏။
သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်၎င်း၊ ပြုလုပ်သော်၎င်း၊ ကြံစည်သော်၎င်း၊ ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် အရိပ်သည် လူကို မစွန့်မူ၍ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။
(ဓမ္မပဒ၊ ယမက၀ဂ်၊ စက္ခုပါလတ္ထေရ၀တ္ထု)
Monday, October 25, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment