Thursday, October 14, 2010

ကင်ဆာရောဂါအတွက် လက်နက်သစ် (သို့) ငရုတ်သီး

ကင်ဆာရောဂါ အတွက် လက်နက်သစ်(သို့)ငရုတ်သီး

ငရုတ်သီးများတွင်ပါသော ပူစပ်သည့်ဝေဒနာကိုဖြစ်စေသည့် Capsaicin သည် ကင်ဆာရောဂါကို တိုက်ဖျက်ရန် အတွက် လက်နက်သစ်တစ်ခုဖြစ်ကြောင်း အမေရိကန်နှင့်ဂျပန်သုသေသနပညာရှင်များက ပြောကြားလိုက်သည်။


Capsaicinသည် ဆီးကျိတ်ကင်ဆာကလာပ်စည်းများကို အလိုအလျောက်သေဆုံးမှု ( Apoptosis orSuicide) ဖြစ်စေနိုင်ကြောင်း တွေ့ရသည်။ ကြွက်များတွင် Capsaicin တစ်ကြိမ်ပေးရုံဖြင့် ကင်ဆာကလာပ်စည်း ၈၀-ရာခိုင်နှုန်းကျော်ကို ပျက်စီးသွားစေ နိုင်သည်ဟု ဆိုပါသည်။ ဆီးကျိတ်ကင်ဆာရောဂါရှိသော ကြွက်များကို Capsa-icin ပေးပါက ကုသမှုမရှိသော ကြွက်များတွင် ဆီးကျိတ်အရွယ် အစားထက် ငါးပုံတစ်ပုံသာ ကျန်ရှိသော့ကြောင်း သုတေသနလေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။


Capsaicin-ကို ဆေးဝါးအဖြစ် လိုအပ်မှုသည် ခပ်စပ်စပ် အရုတ်သီးစိမ်း သုံးထောင့်မှငါးထောင့်ခန့်ကို တစ်ပတ်လျှင် သုံးကြိမ်စားသုံးမှုနှင့် ညီမျှသည်။ ငရုပ်သီး နှစ်သက်၍ အရေအတွက်ပိုမိုစားသုံးသူများတွင် အာနိသင်ပိုမိုထိရောက်မှု ရှိမရှိဆိုခြင်းမှာ အတိအကျမသိနိုင်သေးပေ။ ငရုတ်သီးတွင်ပါသော Capsaicinသည် ဆီးကျိတ်ကင်ဆာရောဂါသာမက၊ အခြားကင်ဆာရောဂါများအတွက်လည်း အကျိုး သက်ရောက်မှုရှိမည်ဟု ယူဆရပေသည်။


(၂၀၀၈ခုနှစ် သြဂုတ်လ ၁၃ရက်နေ့ family Health)

No comments: